လက်ရှိအချိန်မှာ ကတ်တလန်ဒေသက စပိန်ကနေ ခွဲထွက်ဖို့ ကြိုးစားနေပါတယ်။ ဒါ့ကြောင့် ကတ်တလန်အသင်းတွေအနေဖြင့် စပိန်လာလီဂါကနေ ခွဲထွက်ရဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာ လိုအသင်းမျိုးက လာလီဂါကနေ ခွဲထွက်ရဖွယ်ရှိနေပါတယ်။

ကောလဟာလတွေအရ ဘာစီလိုနာအနေဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်တွင် လာကစားဖွယ်ရှိပါတယ်။ အဆိုပါက်ိစ္စနှင့်ပတ်သတ်၍ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက မှတ်ချက်ပေးခဲ့ပါတယ်။ သို့သော် အာစင်ဝင်းဂါးက အခြား စိတ်ဝင်စားဖွယ် တစ်ခုလည်းပြောခဲ့ပါတယ်။ ဒါကတော့ စကော့တလန်ကလပ်တွေဖြစ်တဲ့ ဆဲလ်တစ်နှင့်ရိမ်းဂျားကလပ်တွေကလည်း ပရီးမီးယားလိဂ်ထံ လာသင့်တယ်လို့ ပြောခဲ့တာပါ။ 

အာစင်ဝင်းဂါးက "ဘာစီလိုနာအသင်းပရီိးမီးယားလိဂ်မှာလာရောက်ပူးပေါင်းချင်တယ်ဆိုရင်အမှတ်ပေးဖလားကိုရရှိဖို့ပိုမိုခက်ခဲသွားမှာပါ။ ကျွန်တော့်အနေနဲ့ကတ်တလန်အကြောင်းကိုကြိုးစားလေ့လာသွားရမှာပါ။ ဒါပေမယ့်သူတို့ဟာလက်လှမ်းမမှီနိုင်တဲ့အနေအထားမှာတော့ရှိမနေပါဘူး။ ဒါဟာစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပါ။ ဘာလို့လဲဆိုတော့ဒါဟာအားကစားအသင်းတစ်သင်းပေါ်မှာသက်ရောက်မှုရှိတဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ဘာစီလိုနာဟာနိုင်ငံရေးရေချိန်မြင့်တဲ့ကလပ်ဖြစ်ပြီးသူတို့ရဲ့တုန်းပြန်မှုကိုစောင့်ကြည့်သွားရမှာပါ။ ဒါပေမယ့်ကျွန်တော်တို့ဆီမှာအသင်း၂၀ရှိနေတာကြောင့်လုံလောက်မှုရှိနေပါပြီ။ သူတို့ကတော့၂၄သင်းထိတိုးမြှင့်လိုနေပါတယ်။ ဒါဆိုရင်တော့စပိန်အသင်းမပူးပေါင်းမီစကော့တလန်ကလပ်တွေကိုဖိတ်ခေါ်သွားရမှာပါ။" လို့ပြောသွားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။