သင့်ရဲ့လက်ချောင်းတွေက သင့်အကြောင်းတွေကို ပြောပြနေတယ်ဆိုသင့်ယုံမလား။သင့်ရဲ့ဖြစ်နေတဲ့ ပုံကိုလိုက်ပြီး သင့်လက်ချောင်းတွေကလည်း တစ်ပုံစံတည်းပြောင်းလဲနေပါတယ်။လက်ချောင်းတွေ type ကိုတော့ A,B,C ဆိုပြီးပုံသုံးပုံခွဲပေးထားပါတယ်။

( A ) တကယ်တော့ သင့်ရဲ့ လက်ချောင်းတွေဟာ A Type တူတယ်ဆိုရင်တော့ သင်ဟာ Problem Solver ပါ ။ သင်ဟာ စိတ် မြန် လက်မြန်ရှိသူ ဖြစ်ပြီး ဘယ်လို အခြေအနေ အခက်အခဲမျိုးကို မဆို အလွယ် တကူ ဖြေရှင်းနိုင်သူပါ ။ သင်ဟာ ပြဿနာတွေကို ဖြေရှင်းဖို့ ခုံမင်နေသူ တစ်ဦးလည်း ဖြစ်ပြီး များသောအားဖြင့် အင်ဂျင်နီယာ ၊ သိပ္ဗံ ပညာရှင် စစ်သား အစရှိတဲ့ နယ်ပယ်က လူတွေ ဖြစ်ပါတယ် ။ 

( B ) တကယ်လို့ သင့်ရဲ့ လက်သူကြွယ်ဟာ လက်ညှိုးထက် အနည်းငယ ်တိုနေတယ်ဆိုတာ ရင်တော့ သင်ဟာ Doer ပါ ။ လုပ်ငန်း တာဝန်တွေကို ကျေပွန်စွာ လုပ်ဆောင်တတ်သူ ဖြစ်ပြီး အလုပ်အပေါ် ခုံမင် သူ တစ်ဦးလည်း ဖြစ်ပါတယ် ။ သင်ဟာ ဇွဲ သတ္တိနဲ့ အတူ ဘယ်အရာကို မဆို ဖြတ်ကျော်မယ်ဆိုတဲ့ စိတ်ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ သင်ဟာ လက်ရှိ အခြေအနေတွေ ပေါ်မှာ ကျေနပ် နှစ်သိမ့်နိုင်သူ ဖြစ်ပေမယ့် တစ်ခါတလေမှာလည်း သင်ဟာ ဒီ့ထက် ပိုပြီး တောင့်တလေ့ရှိပါတယ် ။

( C ) တကယ်လို့ သင့်ရဲ့ လက်ညှိုးနဲ့ လက်ခလယ် အရှည်ဟာ တူနေတယ်ဆိုရင်တော့ သင်ဟာ ငြိမ်းချမ်းရေးသမားပါ ။ သင်ဟာ အနှောက်အယှက် ခံရတာကို မုန်းပဲ ပဋိပက္ခတွေကို အမြဲ စိတ်တိုင်းမကျသူ တစ်ဦးဖြစ်ပါတယ် ။ သင်ဟာ ချစ်သူ အပေါ် သစ္စာ ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒါပေမယ့် သင် ပေါက်ကွဲပြီဆိုရင်တော့ ဘယ်သူကမှ ထိန်းချုပ်မရ ဖြစ်တတ်ပါတယ် ။

သတင်းအရင်းအမြစ် - momo lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။