မန္တလာသူတွေကိုရင်ခုန်စေမယ့်ထိုင်းဘောလုံးမင်းသားCC7

ထိုင်းဘောလုံးသမားချာရီချာပူရစ်ကိုထိုင်းပရိသတ်တွေက

CC7လို့ချစ်စနိုးခေါ်ကြပါတယ်။သူဟာဘောလုံးသမား

တစ်ယောက်ဖြစ်ပေမယ့်လည်းရုပ်ရှင်မင်းသားတစ်ယောက်လို

ထိုင်းနိုင်ငံမှာကျော်ကြားသူတစ်ယောက်ပါ။ထိုင်းနိုင်ငံမှာရှိတဲ့

ကြော်ငြာများစွာ၊ပိုစတာများစွာကိုသူရိုက်ပေးထားပြီးသွား

ပါပြီ။သူ့ရဲ့ချောမောခန့်ညားလှတဲ့ရုပ်ရည်ကြောင့်ထိုင်းမလေး

တွေရဲ့အိမ်မက်မင်းသားလေးတစ်ယောက်ဖြစ်နေခဲ့သူပါ။

ချာပူရစ်ဟာထိုင်းမိခင်နဲ့ဆွတ်ဇာလန်နိုင်ငံသားဖခင်တို့က

မွေးဖွားလာတဲ့ကပြားတစ်ယောက်ဖြစ်ပြီး

ဆွတ််ဇာလန်လူငယ်လက်ရွေးစင်တစ်ယောက်လည်းဖြစ်ခဲ့ဖူးသူပါ။

ဆွွတ်ဇာလန်လူငယ်အသင်းနဲ့အတူ2009ခုနှစ်မှာကမ္ဘာ့ဖလား

ရခဲ့ဖူးသူပါ။ဆွတ်ဇာလန်လိဂ်ရဲ့နာမည်ကြီးဂရက်ဟော့ပါး

ရဲ့ကွင်းလယ်လူလည်းဖြစ်ခဲ့ပါတယ်။ဒါပေမယ့်သူဟာ

ဆွတ်ဇာလန်နိုင်ငံကိုယ်စားပြုကစားခွင့်ကိုငြင်းပယ်ကာ

ထိုင်းလက်ရွေးစင်ဘဝကိုရွေးချယ်ခဲ့ပါတယ်။

ဆွတ်ဇာလန်ကကစားသမားဘဝကိုပြည်ဖုံးကားချခဲ့ပြီး

ထိုင်းလိဂ်ကလပ်ဘူရီယမ်ကိုပြောင်းရွှေ ့လာခဲ့ပါတယ်။

သူပြောင်းပြီးသိပ်မကြာခင်မှာပဲထိုင်းလက်ရွေးစင်

အသင်းကြီးမှာသူ့ကိုရွေးှချယ်ခဲ့ပြီး2014ဆူဇူကီးဖလား

ချန်ပီယံထိုင်းအသင်းမှာသူဟာစတားပလေယာ

တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဘူရီယမ်ကနေ

ချာပူရစ်ဆူဖန်ဘူရီအသင်းကိုထပ်ပြောင်းခဲ့ပြီး

အခုနောက်ဆုံးသူပြောင်းရွှေ ့ခဲ့တာကတော့လက်ရှိ

ထိုင်းပရီးမီးယားလိဂ်ချန်ပီယံမြောင်တောင်အသင်းပါ။မြောင်တောင်အသင်းဟာဂျပန်ကိုပြောင်းသွားတဲ့နာမည်ကြီး

ကွင်းလယ်ကစားသမားချန်နာတစ်ရဲ့နေရာကိုအစားထိုးဖို့

သူ့ကိုခေါ်ခဲ့တာပါ။ဘောလုံးကန်လဲကောင်းရုပ်လည်းဖြောင့်တဲ့

CC7 ဟာမန်းသူလေးတွေကိုရင်ခုန်စေဦးမယ်ဆိုတာတော့သေချာပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။