မန်ချက်စတာယူနိုင်တက်က အဆင့်၂မှာ ရပ်တည်နေပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်းကတော့ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသထားပါတယ်။ မန်ချက်စတာယူနို်င်တက်သာမက မန်ချက်စတာစီးတီးကပါ ရလဒ်တွေကောင်းနေပါတယ်။ မန်ချက်စတာမြိုကခံ၂သင်းက ဇယားထပ်ဆုံးမှာ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အထက်အောက်ရပ်တည်နေပါတယ်။

ခရစ္စတယ်လ် ပဲလေ့စ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၄-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ ရမှတ်တူ၊ ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အဆင့် ၆ နေရာနဲ့ ရာသီသိမ်းခဲ့ပေမယ့် ရာသီသစ်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ရ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ အဆိုပါပွဲတွေမှာ မာတစ်က အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ 

မာတစ်က “ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက်ကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်နေတာကြောင့် ကျွန်တော်တို့ ရှေ့ဆက် ဘာတွေကို လုပ်ရမလဲ ကောင်းကောင်း သိထားကြပါတယ် ။ ကျွန်တော်တို့ နောက်လာမယ့် ပွဲစဉ်ကို အဓိက အာရုံစိုက်ထားရပါ့မယ်။ အမြဲတမ်း ဖြစ်နေကျ အရာတစ်ခုကတော့ နောက်လာမယ့်ပွဲဆိုတာ အရေးအကြီးဆုံး ဆိုတာပါပဲ ။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ဟာ တစ်ပွဲပြီးတစ်ပွဲ ရမှတ်တွေကို စုဆောင်းရပါမယ် ။ ပြီးရင် နောက်နှစ် မေလထဲမှာ ဘာဖြစ်လာမလဲ ဆိုတဲ့ အဖြေကို စောင့်မျှော်ရတာပေါ့ ။ ဒါဟာ တစ်ကယ့်ကို ရှည်လျားတဲ့ ခရီးရှည်ကြီး တစ်ခုပါ '' လို့ပြောခဲ့ပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။