မြန်မာနိုင်ငံတွင် ပထမဆုံးဘီယာ သောက်ပြိုင်ပွဲကို အောက်တိုဘာလ ဒုတိယပတ်အတွင်း အဆင့် သုံးဆင့်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို စီစဉ်သူ ဒေါ်လပြည့်အောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။“ပြိုင်ပွဲကို အမျိုးသမီးရော၊ အမျိုးသားရော ဝင်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲဝင်တွေကို ဆေးစစ်ပေးမယ်။ ပြိုင်ပွဲဝင်နိုင်ခြေရှိမှ ယှဉ်ပြိုင်ခွင့် ပေးမှာပါ”ဟု ၎င်းကပြောပါတယ်။

ပြိုင်ပွဲဝင် ၅၀ ဦးသာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး First Round ကို အောက်တိုဘာလ ၁၄ ရက်တွင် The Class Bar, Second Round ကို အောက်တိုဘာလ ၂၁ ရက်တွင် Bondi Bar, Third Round ကို အောက်တိုဘာလ ၂၈ ရက် Regional Bistro Bar တို့တွင် ည ၇ နာရီမှ ၉ နာရီအထိ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကို အဆင့်သုံးဆင့် သတ်မှတ်ထားပြီး ပထမအဆင့် အနေနှင့် ဘီယာ နှစ်လီတာကို အမြန်ဆုံး သောက်နိုင်သူ ၂၅ ဦးကို ရွေးချယ်မည်ဖြစ်ပြီး ထပ်မံ၍ ဘီယာကို ပိုက်ဖြင့် စုပ်သောက်ရမည် ဖြစ်ကြောင်း ထိုအထဲကမှ အမြန်ဆုံး သောက်နိုင်သူ ၁၂ ဦးကို Semi Final အဖြစ် ရွေးချယ်မည်ဖြစ်တယ်လို့သိရပါတယ်။ဆုကြေးငွေမှာ Winner က ကျပ် ၁၀ သိန်းနှင့် ဆုတံဆိပ်တစ်ခု၊ First Runner Up က ကျပ် ငါးသိန်း ရရှိမည်ဖြစ်ကာ ပြိုင်ပွဲဝင်ကြေးအဖြစ် ကျပ် ၂၅၀ဝ၀ သတ်မှတ်ထားပြီး ဝင်ကြေး အပါအဝင် Beer Free Flow နှင့် အစား အသောက် ဘူဖေးအပါ ကျပ် ၃၀ဝဝဝ နှင့် ရိုးရိုး Beer Free Flow နှင့် အစားအသောက်ဘူဖေးအတွက် ကျပ် ၁၅၀ဝ၀ သတ်မှတ်ထားကြောင်း ဒေါ်လပြည့်အောင်က ပြောကြားခဲ့ပါသေးတယ်။

သတင်းအရင်းအမြစ်-the voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။