အဆိုတော် Rဇာနည်ဟာ ရန်ကုန်ကလေးဆေးရုံကြီးမှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ(၁)ရက်နေ့မှာ We Love RZARNI အဖွဲ့သားများနှင့်အတူ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ We Love RZARNI အဖွဲ့နှင့် ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်ကလေးဆေးရုံကြီးမှာ နေ့လည်စာ အာဟာရအလှူကျွေးမွေးခြင်း၊ ဆေးပဒေသာပင်နဲ့ အထွေထွေ ပဒေသာအလှူအဖြစ် အလှူငွေ (၄)သိန်းကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

R ဇာနည်က “ဆေးကုသမှုခံယူနေတဲ့ ကလေးငယ်များနဲ့ မိဘများကိုလည်း ကိုယ်လည်းမိဘဆိုတော့ ကိုယ်ချင်းစာတယ်၊ ဒီအတွက် စိတ်မကောင်းတာ တပိုင်းပေါ့နော်.. ဒါမယ့် ကိုယ်လည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင် လှူဒါန်းခွင့်ရတဲ့ အတွက် ပီတိ ဖြစ်ရပါတယ်။ WE LOVE RZARNI အဖွဲ့သားများနဲ့ အတူ တစ်နှစ်မှာ (၂)ကြိမ်လောက်တော့ အနည်းဆုံးလှူဖြစ်မှာပါ.. နောက်တစ်ခေါက်ဆိုရင်တော့ နောက်တစ်နေရာပေါ့..။

ကျွန်တော်တို့ မိသားစုနဲ့အတူ WE LOVE RZARNI အဖွဲ့က ညီလေးတွေ ညီမလေးတွေနဲY စုပေါင်းလုပ်တဲ့ အလှူကို အားလုံးပဲ မုဒိသာပွားပြိး သာဓုခေါ်နိုင်ပါစေ..လို့” ပြောပါတယ်။ ဝမ်း ကလည်း “ ပြီးတော့ ကျန်းမာရေးမကောင်းသေးတဲ့ ကလေးတွေလည်း အားလုံး ကျန်းမာရေး ပြန်ကောင်းပါစေလို့ ဆုတောင်းပါတယ်” ပြောပါတယ်။

Source - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။