အန်ဆယ်လော့တီကတော့ ဘိုင်ယန်မြူးနစ်အသင်းကနေ အထုတ်ခံခဲ့ရပြီဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ ရလဒ်တွေ မကောင်းပါဘူး။ ပီအက်စ်ဂျီကိုလည်း ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ၃-၁ဂိုးရလဒ်ဖြင့် ရှုံးခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ ပွဲအပြီးမှာတော့ အန်ဆယ်လော့တီက အထုတ်ခံခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း ရလဒ်တွေမကောင်းလို့ထုတ်ခဲ့တာပါ။ အန်ဆယ်လော့တီက လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ ဒါ့ကြောင့် စကိုလာရီက အန်ဆယ်လော့တီကို တရုတ်ကလပ်တွေမှာ နည်းပြဖို့ခေါ်ခဲ့တာပါ။ သို့သော် အန်ဆယ်လော့တီအနေဖြင့် နည်းပြဖွယ်မရှိပါဘူး။

အန်ဆလော့တီက “ (၁၀) လလောက်အနားယူမှာမို့ ဘယ်အသင်းကိုမှ ကိုင်တွယ်သွားမှာ မဟုတ်ပါဘူး ”လို့ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဂျေရုစလင်မှာ ရောက်ရှိနေတဲ့ အန်စလော့တီကို သတင်းထောက်တွေက အင်တာဗျူးပြုလုပ်စဉ် ယခုလိုဖြေကြားခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အေစီမီလန်၊ ရိုးမား၊ ၀က်စ်ဟမ်းအသင်းတွေက အန်စလော့တီကို စိတ်ဝင်စားနေခဲ့သလို အီတလီလက်ရွေးစင်အသင်း နည်းပြရာထူးအတွက် စောင့်ကြည့်ခြင်းခံနေရပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။