ပြီးခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်(၇)မှာ ချယ်ဆီးနှင့် မန်ချက်စတာစီးတီး ကစားခဲ့ကြပါတယ်။ ချယ်ဆီးတို့အနေဖြင့် အိမ်ကွင်းမှာ မန်ချက်စတာစီးတီးကို ဧည့်ခံခဲ့တာပါ။ ချယ်ဆီးတို့အနေဖြင့် မန်ချက်စတာစီးတီးကို ယှဉ်မကစားနိုင်ခဲ့ပါဘူး။ မန်ချက်စတာစီးတီးက ဒီဘရိုင်း၏ ဂိုးဖြင့် ချယ်ဆီးကို အနိုင်ရခဲ့ပါတယ်။ 

ချယ်ဆီးတို့ အနေဖြင့် မန်ချက်စတာစီးတီးကို ရှုံးခဲ့ရုံသာမက လူပါ ဆုံးရှုံးခဲ့ရပါတယ်။ တိုက်စစ်မှူး မိုရာတာ ကအဆိုပါပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။ မိုရာတာအနေဖြင့် ပွဲအပြီးမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ရလဒ်တွေအရ မိုရာတာအနေဖြင့် ၆ပတ်ခန့် နားရဖွယ်ရှိပါတယ်။

သတင်းတွေအရ မန်စီးတီးနဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့်မိုရာတာအနေနဲ့နိုင်ငံတကာပွဲကာလပြီးဆုံးရင်ချဲလ်ဆီးအတွက်ပြန်ကစားပေးနိုင်မယ်လို့ကနဦးယူဆထားကြပေမယ့်လည်း လက်ရှိမှာတော့အသက် ၂၄နှစ်အရွယ်မိုရာတာရဲ့ဒဏ်ရာဟာအဆင့်၂ ဒူးကေုက်ကြောစုတ်ပြဲမှုကြောင့်နိုဝင်ဘာဒုတိယပတ်လောက်ထိအနားယူရမှာဖြစ်တယ်လို့စပိန်ဘောလုံးအဖွဲ့ချုပ်ကအတည်ပြုထားပါတယ်။ ထို့ကြောင့်နည်းပြကွန်တီအနေနဲ့အထောင်တိုက်စစ်နေရာအတွက်ရွေးချယ်စရာနည်းပါးနေပြီး ဘတ်ရှုဝါရီတစ်ဦးသာရှိနေကာ ပြီးခဲ့တဲ့ပွဲစဉ်၂ပွဲမှာမိုရာတာနဲ့တိုက်စစ်မှာတွဲဖက်ကစားခဲ့ရတဲဟာဇက်အနေနဲ့လည်းအဆိုပါနေရာမှာကစားရဖို့ရှိနေပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။