လာကတ်ဇီကတော့ ယခုရာသီမှာ အာဆင်နယ်သို့ ပြောင်းလာသူဖြစ်ပါတယ်။ လာကတ်ဇီအနေဖြင့် ပြင်သစ်ကလ်ပ လိုင်ယွန်ကနေ ပြောင်းလာသူပါ။ အာဆင်နယ်နှင့်အတူရာသီကြို ကွန်မြူနတီဒိုင်း ရထားပါတယ်။ ချယ်ဆီးအသင်းကို အနိုင်ရရှိပြီးရခဲ့တာပါ။ 

ဒါ့အပြင် လာကတ်ဇီဟာ အာဆင်နယ်အသင်း၏ အိမ်ကွင်းပွဲတွေမှာ ဂီုးမြူးသူပါ။ ယခုအါမှာတော့ လာကတ်ဇီဟာ ပြင်သစ်အသင်းဖော်နှင့်ပတ်သတ်ပြီးပြောခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှုးအလက်ဇန်းဒါးလက်ကာဇက်တီက၎င်းရဲ့အရင်းနှှီးဆုံးသူငယ်ချင်းဖြစ်သူအက်သလက်တီကိုစတားအန်တိုနီဂရစ်မန်းကိုအမ်းမရိတ်ကိုပြောင်းလာရန်တောင်းဆိုသွားမယ်လို့ပြောလိုက်ပါတယ်။ လာကတ်ဇီအနေဖြင့် ဖြစ်လာမယ်လို့ ယူဆနေပါတယ်။

ဂရစ်မန်းဟာပြီးခဲ့တဲ့နွေရာသီကမန်ယူကိုပြောင်းတော့မယ်လို့သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပေမယ့်လည်းအက်သလက်တီကိုနဲ့ကာလရှည်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ သို့ပေမယ့်လည်းလက်ကာဇက်တီက “အမှန်ပါပဲ။ ကျွန်တေ်ာဟာဂရစ်မန်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းပါ။ ကျွန်တော်တို့ဟာသူငယ်ချင်းကောင်းတွေဖြစ်ကြပြီးသူနဲ့တွဲရတာပျော်စရာအရမ်းကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ပေးထားတဲ့နာမည်ပြောင်တွေကတော့ ‘ Grezzy ‘ နဲ့ ‘ Lacaz’ တို့ဖြစ်ကြပါတယ်။တကယ်သို့ဂရစ်မန်းလန်ဒန်ကိုလာလည်ရင်တော့အာဆင်နယ်ကိုပြောင်းလာဖို့တောင်းဆိုသွားမှာပါ။” လို့ပြောသွားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။