အမေရိကန် လတ်စ်ဗတ်မြို့ကတော့ လောင်းကစားကြောင့်နာမည်ကြီးပါတယ်။ အဆိုပါ လတ်စ်ဗီဂတ်မြိုရှိ မန္တလေးဘေး အမည်ရဟိုတယ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဒေသစံတော်ချိန် ၁ရက်နေ့ ည၁၀ခွဲမှ ဖြစ်ပွားခဲ့တာပါ။ မန္တလေးဘေးဟိုတယ်ရှိ လောင်းကစားရုံနားမှာဖြစ်ခဲ့တာပါ။ ထိုကဲ့သို့ ပစ်ခတ်ခဲ့သည့်အတွက် လူပေါင်း၅၀ကျော်အထိသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း၂၀၀ကျော်အထိ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်

လပ်စ်ဗီးဂတ်တွင် ဖျော်ဖြေပွဲတက်ရောက်သူများအား ပစ်ခတ်မှုသည် ယုတ်မာသော လုပ်ရပ်သက်သက်သာဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၂ ရက်၌ ရှုတ်ချခဲ့သည်။ သို့သော် သေနတ်ထိန်းချုပ်ရေးအတွက် တောင်းဆိုမှု သို့မဟုတ် သက်သေမပြနိုင်သေးသော IS အဖွဲ့၏ တာဝန်ခံမှုတို့ကိုမူ ၎င်းက ထည့်သွင်းမပြောကြားခဲ့ပေ။ အိမ်ဖြူတော်တွင် ရုပ်သံမှတစ်ဆင့် ပြောကြားရာ၌ ထရန့်က အောက်တိုဘာ ၆ ရက် နေဝင်ချိန်အထိ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားရန် ညွှန်ကြားခဲ့ပြီး သေဆုံးထိခိုက်ခဲ့သူများအတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။ လပ်စ်ဗီးဂတ်သို့ အောက်တိုဘာ ၄ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ထရန့်က နိုင်ငံအား နှစ်သိမ့်မှုအစား ညီညွတ်ကြရန် တိုက်တွန်းခဲ့သည်။ အဖြစ်ဆိုးနှင့် ထိတ်လန့်စရာ ကြုံနေရချိန်တွင် အမေရိကသည် တစ်ခုတည်းဖြစ်သွားကြောင်း၊ အမြဲတမ်းဖြစ်ခဲ့ကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။ ယုတ်မာမှုကြောင့် ၎င်းတို့၏ညီညွတ်မှုအား မကွဲပြားစေနိုင်ကြောင်း၊ အကြမ်းဖက်မှုကြောင့် ၎င်းတို့အကြား ချည်နှောင်မှုကို မချိုးဖျက်နိုင်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း IS အဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း ယင်းသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့် အထောက်အထားကို စုံစမ်းစစ်ဆေးသူများက မတွေ့ရသေးကြောင်း လပ်စ်ဗီးဂတ်တွင် တာဝန်ကျသည့် အက်ဖ်ဘီအိုင်အေးဂျင့်တစ်ဦးဖြစ်သူ အာရွန်ရုစ်က ပြောကြားခဲ့သည်။ အမေရိကန် အမိမြေလုံခြံုရေးဌာနက နိုင်ငံထဲရှိ အများပြည်သူနှင့် သက်ဆိုင်သော အခြားနေရာများတွင် ထူးခြားသည့် ခိုင်လုံသော ခြိမ်းခြောက်မှုများမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ရှေ့နေချုပ် ဂျက်ဆက်ရှင်းက အက်ဖ်ဘီအိုင်နှင့် အခြားပြည်နယ်အေဂျင်စီများအား ကူညီပေးရန် ကမ်းလှမ်းခဲ့သော်လည်း ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုကို လပ်စ်ဗီးဂတ်ရှိ ရဲတပ်ဖွဲ့ကသာ ဦးဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source – The Guardian , Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။