ပြီးပြည့်စုံတဲ့အတွဲတစ်တွဲ ဖြစ်ချင်တာ ဘာလို့မှားတဲ့ အယူအဆ ဖြစ်စေသလဲ

လူတိုင်းလိုလို ပိုင်ဆိုင်နေတဲ့ အချစ်ရေးကို ပြီးပြည့်စုံတဲ့ သာယာဖွယ်စုံတွဲအဖြစ် အချစ်ရေးအဖြစ် ဖြစ်လိုကြပါတယ်။ ဒါပေမဲ့ ဒီလို Perfect Relationship ဖြစ်ချင်တာဟာ သင်တို့ရဲ့ အချစ်ရေးကို ဘယ်လောက်ထိ အနှောင့်အယှက်ပေးလဲဆိုတာ အောက်ကအချက်လေးတွေက သိသာထင်ရှားစေမှာပါ…………

၁။ ရယူနိုင်ဖို့ကြိုးစားကြမယ်။

ကိုယ်က Perfect ဖြစ်ချင်တယ်ဆိုတဲ့ ရယူလိုမှုတစ်ခုရှိပေမယ့် သူဟာ ကိုယ်တို့အချစ်ရေးအပေါ် ဘယ်လိုသဘောထားမလဲ မသေချာပါဘူး။

သူဟာ အချစ်ရေးကို သာမန်အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းသွားချင်တာလား၊ သူများတွေ အားကျရလောက်တဲ့ထိ စံပြစုံတွဲဖြစ်ချင်တာလား

ကိုယ် သိသင့်ပါတယ်။ ကိုယ့်ဘက်က ရယူလိုမှုရှိလာတာနဲ့ ကိုယ်စိတ်မောရပါတော့မယ်။ ဒါတင်မကသေးပါဘူး။ သူ့ဘက်ကပါ သူဖြစ်ချင်တာတွေ

ရှိလာတဲ့အခါ တောင်းဆိုလာရင် နှစ်ယောက်ကြား ကိုယ်စီကိုယ်စီ ရယူလိုမှုတွေနဲ့ သင်တို့အချစ်ရေးကို ပူလောင်စေနိုင်ပါတယ်။

.

၂။ မကျေနပ်နိုင်တော့ဘူး။

ကိုယ် ဖြစ်ချင်တာကိုက ပြီးပြည့်စုံတဲ့စုံတွဲဘဝလေ။ လူတွေရဲ့ ပင်ကိုယ်သဘောအရကိုက ပြီးပြည့်စုံမှုဆိုတာ မရှိပါဘူး။ ဒီတော့ ကိုယ့်စိတ်တွေ မကျေနပ်နိုင်တော့ပါဘူး။

ကိုယ်ကတော့ ဘယ်လိုဖြည့်ဆည်းပေးတာပါ။ သူကတော့ ကိုယ့်ဘက်ကို မကြည့်ဘူး.. စသဖြင့် ချစ်သူတွေအကြား စိတ်ခုစရာတွေ ဖြစ်လာပါတော့မယ်။

ရယူလိုမှုဟာ စိတ်လည်း ပင်ပန်းသလို ဘယ်တော့မှလည်း လွယ်လွယ်နဲ့ စိတ်ကျေနပ်နိုင်တယ်လို့ မရှိပါဘူး။

.

၃။ နားလည်မှုတွေ မထားတတ်တော့ဘူး။

သူ့ဘက်က အခြေအနေတွေကို နားလည်ပေးတတ်တဲ့အကျင့် လျော့ပါးလာပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုရှိတာက နားလည်ပေးတယ်ဆိုတာ

သူဖြစ်ချင်တာမှန်သမျှကို အလျော့ပေးလိုက်လျောတာကို ဆိုလိုတာမဟုတ်ပါဘူး။ တကယ်ကို သူ့အခြေအနေ၊ ခံစားချက်ကို ကိုယ့်ဘက်က ထည့်သွင်းစဉ်းစားပေးနိုင်တာ၊

ဖြည့်ဆည်းပေးနိုင်တာကိုမှ နားလည်မှုလို့ ခေါ်တာပါ။

ကိုယ့် တစ်ချက်လွှတ် ဖြစ်ချင်စိတ်ကိုက ပြီးပြည့်စုံတဲ့ စုံတွဲ ဆိုကာကျတော့ သူ့ဘက်က ပျက်ကွက်မှုတွေကို ကိုယ်ဘက်ကခွင့်လွှတ်ဖို့တွေ၊ နားလည်မှုတွေ

ရှိဖို့ မရေရာတော့ပါဘူး။

.

၄။ ရန်ဖြစ်ခြင်းတွေ။

ချစ်သူတွေကြားမှာ စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ ချစ်စရာကောင်းတဲ့ အလေ့အထလေးပါပဲ။ (တစ်ယောက်နဲ့တစ်ယောက် ထိခိုက်နစ်နာအောင်

ရန်ဖြစ်တတ်တာတွေကလွဲလို့ပေါ့) Perfect ဖြစ်ချင်တဲ့အခါ ဒီလို ရန်လေးဖြစ်တာ၊ စိတ်လေးကောက်တာကအစ အပြစ်လို့ မြင်တတ်လာပါမယ်။

ဘာလို့ ချစ်ပဲချစ်နေလို့ မရတာလဲလို့ ဆိုပြီး မကောင်းတဲ့ဘက်က မြင်ပါမယ်။ တကယ်တော့ ချစ်သူတွေ ရန်ဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ ဒါကို

သွားပြီး ပြီးပြည့်စုံအောင် perfect တွေ လုပ်ချင်လို့ မရပါဘူး။

.

၅။ စိတ်ပျက်မယ်။

ကိုယ် ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ စိတ်ပျက်မယ်။ ဒါ သဘာဝပါပဲ။ ကိုယ့်မှာသာ သဘာဝမဟုတ်တဲ့ ဖြစ်ချင်စိတ်တွေ များနေတာပါ။

.

၆။ အဲဒီ့ကစလို့ လမ်းခွဲခြင်းဆီသို့။

စိတ်ညစ်တာ၊ စိတ်ပျက်တာတွေနဲ့ ဖြစ်ချင်တာတွေ ဖြစ်မလာတော့တဲ့အခါ ကိုယ် သူနဲ့ရှိနေသင့်ရဲ့လားလို့ စတွေးလာပါပြီ။ ကိုယ့်ရဲ့ Perfect

Relationship ဖြစ်ချင်တာတွေ ဖုံးကွယ်နေလို့ သူကိုယ့်အပေါ်ကောင်းတာတွေလဲ မမြင်နိုင်တော့ပါဘူး။ သူကိုယ့်ကို ချစ်ခဲ့၊ ဂရုစိုက်ခဲ့တာတွေလည်း

မတွေ့နိုင်တော့ပါဘူး။ ကိုယ့်စိတ်ထဲမှာတော့ သူပျက်ကွက်တာတွေပဲမြင်ပြီး အလိုမကျဖြစ်နေတော့တာပါပဲ။

နောက်ဆုံး ဒီဖြစ်ချင်စိတ်ကြီးက ကိုုယ်တို့နှစ်ယောက်လုံးရဲ့ အချစ်ရေးကိုတောင် ရပ်တန့်သွားစေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

.

လူအတော်များများဟာ ပြီးပြည့်စုံတဲ့အချစ်ကို ရုပ်ရှင်တွေ၊ စာအုပ်တွေနဲ့ ပတ်ဝန်းကျင်က အားကျစရာစုံတွဲတွေမှာ ရှိကြတယ်လို့ ထင်ပြီး

စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒီစိတ်ကူးကိုလည်း ကိုယ့်ချစ်သူနဲ့အတူ အကောင်အထည်ဖော်ချင်ကြပါတယ်။ တကယ်တော့ ကိုယ်ပတ်ဝန်းကျင်မှာ

တွေ့နေတဲ့ ချစ်စရာစုံတွဲလေးတွေမှာလည်း အဆင်မပြေမှုဆိုတာ ရှိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းဖက်တဲ့အခါ ရာနှုန်းပြည့်တော့

စိတ်သဘောထားချင်း တိုက်ဆိုင်ဖို့ မလွယ်ပါဘူး။

.

ချစ်သူတွေ ရန်မဖြစ်ဖို့ ကြိုးစားရမှာမဟုတ်ပါဘူး။ ရန်ဖြစ်ပြီး ဘယ်လိုပြန်ဖြေရှင်းမလဲလို့ စဉ်းစားရမှာပါ။

ချစ်သူတွေ အမြဲ ပျော်နေဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ မပျော်ရတဲ့အခိုက်မှာ ဘယ်လိုအတူ ဖြတ်သန်းကြမလဲလို့ စဉ်းစားရမှာပါ။

ချစ်သူတွေ သူများအားကျအောင် နေဖို့ ကြိုးစားရမှာ မဟုတ်ပါဘူး။ ကိုယ်တို့နှစ်ယောက်ကြား လက်တွဲတွေခိုင်မြဲဖို့ပဲ စဉ်းစားရမှာပါ။

အချစ်ဆိုတာ ပြီးပြည့်စုံစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်အကြား သစ္စာတရားကို အခြေခံပြီး နားလည်မှုရှိရှိနဲ့ နေနိုင်ရင်

သာယာလှပတဲ့ အချစ်ရေးတစ်ခု ဖြစ်တာပါပဲ။

လောကမှာ ပြီးပြည့်စုံတဲ့ အချစ်ရေးရယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့ သာယာလှပတဲ့ အချစ်ရေးဆိုတာတော့ ရှိပါတယ်။ ဒါ့ကြောင့် တစ်ဦးနဲ့ တစ်ဦး နားလည်မှုတွေပေးကြရင်း သာယာလှပတဲ့ အချစ်ဘဝလေးတစ် တည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း…………

Source: Focus Youth

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။