အောက်တိုဘာ တစ်ရက်နေ့က ပြသစ်နိုင်ငံ မာဆေးမြို့မှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပါတယ်။ မာဆေး ဗဟိုဘူတာရုံမှာ ဓားသမားတစ်ဦးက အကြမ်းဖက်ခဲ့တာပါ။ အဆိုပါ ဖြစ်စဉ်တွင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်။ တိုက်ခိုက်သူ အမျိုးသားမှာမူ ကင်းလှည့်နေသည့်စစ်သားများ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။အသက် ၃၀ ကျော်အရွယ် ပြစ်မှုမှတ်တမ်းရှိသည့် တိုက်ခိုက်သူအမျိုးသားသည် “ဘုရားသခင်သည် အကြီးမြတ်ဆုံး” ဟု ဟစ်ကြွေးကာ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတို့၏ ပြောကြားမှုအရ သိရသည်။ တိုက်ခိုက်ခံရသည့် အမျိုးသမီးတစ်ဦးသည် လည်လှီးခံရခြင်းဖြစ်သည်။

ထိုဖြစ်စဉ်ကို မိမိတို့လုပ်ခဲ့သည်ဟု IS ကပြောကြားလိုက်သည်။ အကြမ်းဖက်တိုက်ခိုက်မှုဒဏ်ကို မကြာခဏခံရသည့် ပြင်သစ်တွင် အန္တရာယ်ဖြစ်နိုင်ခြေများသည့် ဒေသများကိုစောင့်ကြပ်ရန် ဖွဲ့စည်းထားသည့်အင်အား ရ၀၀၀ ကျော်ရှိသော Sentinelle အထူးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များက ယခု ဓားဖြင့်တိုက်ခိုက်မှုဖြစ်စဉ်တွင် တိုက်ခိုက်သူကို ပစ်သတ်ခဲ့ကြသည်။တိုက်ခိုက်သူသည် တူနီးရှားတစ်ဦး ဖြစ်နိုင်သော်လည်း ၎င်း၌အမည်ကွဲရှစ်မျိုးရှိနေကြောင်း ထောက်လှမ်းရေးများက ပြောကြားခဲ့သည်။ ထိုအမျိုးသားသည် အလစ်သုတ်မှု၊ တရားမဝင် လက်နက်ပိုင်ဆိုင်မှုတို့ဖြင့် ပြစ်မှုမှတ်တမ်းရှိသူဖြစ်သည်။

မျက်မြင်သက်သေ တစ်ဒါဇင်ခန့်ကို ခေါ်ယူမေးမြန်းနေသည်ဟု ပြင်သစ်ပြည်ထဲရေး ၀န်ကြီး ဂျီရတ်ကိုလွန်းက ပြောကြားခဲ့သည်။ “ဒီတိုက်ခိုက်မှုပုံစံဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးပါဘူး” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်းကစပြီး ပြင်သစ်နိုင်ငံထဲတွင် IS အဖွဲ့နှင့် အယ်ကေးဒါးတို့နှင့် ဆက်စပ်မှုရှိသော အစွန်းရောက်များ၏ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင်လည်း ပြင်သစ်တွင် အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားရဆဲဖြစ်ပြီး သတိပေးချက်ကို အမြင့်ဆုံးမြှင့်တင်ထားစဉ် ယခုတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်မှစပြီး ပြင်သစ်တွင် ဂျီဟတ်တို့၏ လက်ချက်ကြောင့် သေဆုံးသူ ၂၃၉ ဦးရှိပြီဖြစ်သည်။

Source – Reuters, Eleven  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။