ဂျာမနီအသင်းဟာ အဝေးကွင်းမှာ မြောက်အိုင်ယာလန်အသင်းနဲ့ သွားရောက် ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းဟာ အဆင့် ၁ နေရာမှာ ရမှတ် ၂၄ မှတ်နဲ့ နောက်တဆင့် တတ်ရောက်သွားခဲ့ပြီဖြစ်တဲ့ အသင်းလည်းဖြစ်ပါတယ်။မြောက်အိုင်ယာလန်အသင်းကလည်း နောက်တစ်ဆင့်တတ်ရောက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်ပြီး အဆင့် ၂ နေရာမှာ ရမှတ် ၁၉ မှတ်နဲ့ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ့ သူတို့ရွေးချယ်ထားတဲ့ လူစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ရွေးချယ်ထားတဲ့ ကစားသမားတွေကတော့ ဆာနေး၊ သောမက်မူလာ၊ တီမိုဝါနာ၊ စတင်ဒယ်၊ ဒရက်ဇလာ၊ တို့ကို တိုက်စစ်အတွက် ရွေးချယ်ထားတာဖြစ်ပြီး ကွင်းလယ်မှာတော့ ရူဒီ၊ ဘရန့်ဒ်၊ ဂေါ်ရက်ကာ၊ ယွန်းနက်၊ အမ်မရီကန်၊ ဝပ်ဂနာ၊ တိုနီကရူး၊ တို့ကိုရွေးချယ်ထားတာလည်းဖြစ်ပါတယ်။

နောက်တန်းအတွက်ရွေးချယ်ထားတဲ့ ကစားသမားတွေကတော့ ကင်းမြွစ်၊ ဘိုတန်၊ ရူဒီဂါ၊ ဆူလီ၊ ဟမ်းမက်၊ ဂျင်တာ၊ ပလက်တန်ဟာဒက်၊ မူစတာဖီတို့ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဂိုးသမားနေရာမှာတော့ ထရပ်၊ တာစတီဂန်၊ လီနိုတို့ကို ရွေးချယ်ထားတာလည်းဖြစ်ပါတယ်။နောက်တစ်ဆင့်တတ်ရောက်သွားခဲ့ပြီဖြစ်တဲ့ ဂျာမနီအသင်းအနေနဲ့တော့ အဓိက ကစားသမားအချို့ ချန်ထားခဲ့ပေမဲ့ အကောင်းရွေးချယ်မှုတွေပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

source - germany football team

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။