အခုလို ရုံးပိတ်ရက်မျိုးမှာ ချစ်သူခင်သူတွေအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် စားသုံးဖို့အတွက်ပဲဖြစ်ဖြစ် အရသာရှိပြီး လွယ်လွယ်ကူကူ ပြုုလုပ်လို့ရတဲ့ အစားအသာက်ဘယ်အချိန်မဆို စားလို့ရပြီး လူကြိုက်များတဲ့ ငါးအာလူးထမင်းနယ် ပြုလုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ 

လိုအပ်သောပစ္စည်းများ

အားလူး

ငါးရံ့ (သို့မဟုတ်) မိမိကြိုက်နှစ်သက်ရာငါး

စပါးလင် အနည်းငယ်

ခရမ်းချဉ်သီး အနည်းငယ်

နံနံပင်

ကြက်သွန်ဖြူ

သံပရာသီး

ဆီအနည်းငယ်

ကိုရီးယား ပဲငပိအနှစ် (မြင်းပျံကြာညို တံဆိပ် သင့်တော်ပါသည်။)

ငါးဖယ်ကြော် 

ပြုလုပ်ပုံအဆင့်ဆင့်

(၁) ငါးရံ့ (သို့) မိမိကြိုက်နှစ်သက်ရာ ငါးကို ဆား၊ ဆနွင်း၊ ငံပြာရည်နဲ့နယ်ပါ။ စပါးလင်ထုထည့် ပြီးပေါက် နူးအောင်ပြုတ်ပါ။

(၂) နူးရင်ဆယ်ပြီး အသားထွင်ထားပါ။

(၃) ဒယ်အိုးထဲသို့ ဆီနဲနဲထည့်ပြီး ငါးအသားတွေထည့် လှော်ထားပါ

(၄) အာလူးပြုတ်ပြီးအခွံခွာ ခြေထားပါ

(၅) ခရမ်းချဉ်သီးကို အလုံးလိုက်ပြုတ်၍ အခွံခွာပြီးနောက် စက်နဲ့ကြိတ်ပါ။

(၆) ကြက်သွန်ဖြူ/ ကြက်သွန်နီကို ဆီသတ်ပါ။ ကိုရီးယားပဲငပိအနှစ်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်ထည့်ပါ။ ခရမ်းချဉ်အနှစ်တွေ ပြန်ထည့်ပြီး ဆီပြန်ချက်ထားပါ။

(၇) ကြက်သွန်ဖြူဆီချက်ကို ဆနွင်းများများလေးနှင့် ဆီသတ်ထားပါ။ (ဆီချက် ချက်ထားပါ။)

(၈) နံနံပင်၊ သံပုရာသီး၊ ကြက်သွန်ဖြူတို့ကို လိုအပ်သလို အဆင်သင့် ဆေးကြောပြီး လှီးထားပါ။ 

ငါးထမင်းနယ်နည်း

ထမင်းဖြူ ပူပူ (ခပ်ပျော့ပျော့) လေးထဲကို ဆီချက်များများ၊ ငါးအသားလှော်၊ အာလူး၊ ဆား၊ ဟင်းခတ်မှုန့် ထည့်ပြီး သမအောင်နာနာနယ်ပါ။ အရသာကို မိမိလိုအပ်သလို ပြင်နိုင်ပါတယ်။

ထမင်းနယ်ကို အလုံးလေးတွေ လုံးပြီးနောက် အပေါ်က ပဲငပိခရမ်းချဉ်အနှစ်၊ ဆီချက်ဖတ်၊ ငါးဖယ်ကြော်၊ နံနံပင်၊ ကြက်သွန်ဖြူ၊ သံပရာစိပ် … စသည်တို့ တင်ပြီး အလှပုံဖော်နိုင်ပါတယ်။

တကယ်စားသုံးတော့မယ် ဆိုရင်တော့ သံပရာသီးစိပ်လေးကို ညှစ်ပြီး စားသုံးနိုင်ပါပြီ။

အရသာရှိလှသော အာလူးငါးထမင်းနယ်လေးကို သုံးဆောင်နိုင်ကြပါစေရှင် … <3 <3 <3

သတင်းအရင်းအမြစ် - စားကြမယ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။