ယခုအခါတွင် သီတင်းကျွတ်လပြည့်နေ့သို့ရောက်ရှိလာတော့မည်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ ကောင်းမှုကုသိုလ်လုပ်တဲ့ကာလဖြစ်ပါတယ်။ ဒါ့ပြင် ကလေးသူငယ် လူငယ်များက ပျော်ရွှင်ကြလေ့ရှိသည်။ တစ်ချို့ က ဗြောက်အိုးများဖောက်ကာ ပျော်ပါးကြပါသည်။

ထို့သို့ ဖောက်ရာတွင် အခြားလူများ အန္တရာယ်ကင်းရန်လိုအပ်ပါသည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော် အတွင်း မန္တလေးမြို့၌ ဗြောက် အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက် ရန် သီးသန့်နေရာသတ်မှတ်ပေး မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးမြင့်တင်က ပြောသည်။ သီတင်းကျွတ်ကာလတွင် မန္တလေးမြို့ပေါ်နှင့် အခြားနေရာ များတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရန် ဒေသန္တရအမိန့် အရ တားမြစ်ထားသော်လည်း အများပြည်သူများ စိတ်အနှောင့် အယှက်မဖြစ်စေနိုင်မည့် နေရာ တစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်သည်။‘‘လောလောဆယ်မှာ ဘယ် နေရာဆိုတာတော့ မသတ်မှတ်ရ သေးဘူး။ ဗြောက်အိုးဖောက်ဖို့အ တွက် သီးသန့်နေရာလေး သတ် မှတ်ပေးပါမယ်။ နေရာကတော့ ရွေးချယ်နေဆဲပါပဲ’’ဟု ဦးမြင့်တင် က ပြောသည်။

မန္တလေးခရိုင်အတွင်း မြို့ နယ်ခုနစ်မြို့နယ်ရှိ အုပ်ချုပ်ရေး မှူးများက ဗြောက်အိုး၊ မီးရှူးမီး ပန်းများ ပစ်ဖောက်ခြင်းမပြုရန် ဒေသန္တရအမိန့် ထုတ်ပြန်ထား သည်။ နှစ်စဉ် သီတင်းကျွတ်ကာလ တွင် မန္တလေးမြို့ရှိ ကန်တော်ကြီးနှင့် ဦးပိန်တံတား၊ မန္တလေးတောင်၊ စစ်ကိုင်းတံတား စသည့်နေရာတို့၌ ဗြောက်အိုးပစ်ဖောက်လေ့ရှိသည်။ ပြီးခဲ့သည့် ၂၀၁၆ က သီတင်းကျွတ်ပွဲတော်ကာလ၌ ဗြောက် အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက် ရောင်းချခြင်းမပြုရန် ထုတ်ပြန် ထားသည့် အမိန့်လိုက်နာမှု မရှိသူရှစ်ဦးကို အရေးယူခဲ့ပြီး ၂၀၁၅ က ခုနစ်ဦး အရေးယူခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။