မင်းသား Go Soo ဟာ တတိယမြောက်ရင်သွေးလေး ရရှိသွားပြီ ဖြစ်ပါတယ်။ စက်တင်ဘာ(၂၃)ရက်နေ့မှာ မင်းသား ဂိုဆိုရဲ့ ဇနီးဟာ သားလေးတစ်ယောက် ထပ်မံ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ(၂၇)ရက်နေ့မှာ ရုပ်ရှင်လုပ်ငန်း ကိုယ်စားလှယ်တွေက သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ထိုသတင်းနဲ့ ပတ်သက်ပြီးတော့ မင်းသား ဂိုဆိုရဲ့ အေဂျင်စီဖြစ်တဲ့ BH က သတင်းဟာ မှန်ကန်ကြောင်းကို အတည်ပြုပေးလိုက်ပါတယ်။ ပြီးတော့ မင်း ဂိုဆိုဟာ တော်တော်လေးကို ဝမ်းသာပျော်ရွှင်နေတယ်လို့ သိရပါတယ်။ မင်းသား ဂိုဆို ရဲ့ အေဂျင်စီက အခုလို ပြောကြားခဲ့ပါတယ်။

“The Fortress” ရုပ်ရှင် Promotion အတွက် အာရုံစိုက်လုပ်ဆောင်နေတဲ့အတွက်ကြောင့် ထိုသတင်းကို မကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါမယ့် သူဟာ အလုပ်ချိန်တွေ များနေပေမယ့်လည်း သူ့မိသားစုကိုတော့ ဂရုစိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မင်းသား Go Soo နဲ့ Kim Hye Yeon တို့ဟာ (၂၀၀၈)ခုနှစ်မှာ လက်ထက်ခဲ့ပြီး (၂၀၁၃)ခုနှစ်မှာ သားဦးလေး မွေးဖွားခဲ့ပြီး ဒုတိယမြောကက် သမီးလေးကို (၂၀၁၅)ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ တတိယမြောက် ရင်သွေးလေးကိုရရှိတော့မယ်လို့ ကြေညာခဲ့ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။