အစားတစ်လိုင်းပရိသတ်ကြီးရေ သီတင်းကျွတ်ပိတ်ရက်က (၅)ရက်ကြီးတောင်ဆိုတော့ ဘာတွေစားမယ်လို့ တွေးနေပြီလား..။

ကိုယ့်ရဲ့ အိမ်မှာ ထမင်းဟင်းဖွယ်ဖွယ်ရာရာလေးကိုမှချက်စားချင်သူတွေအတွက် ထမင်းစားမြိန်ပြီး ကျန်းမာစေမယ့် အစားအစာတစ်မျိုးကို ညွှန်းချင်ပါတယ်။

အဲ့ဒါကတော့ ဆေးဘဲဥသုပ်ပါ။ ဘယ်လိုသုပ်ရမလဲ မသိသေးသူတွေအတွက် ဆေးဘဲဥသုပ်နည်းလေး ဖော်ပြလိုက်ပါတယ်။

​ဆေးဘဲဥ................၃လုံး

ကြက်​သွန်​နီ.............၂လုံး

ခရမ်​းချဉ်​သီး.. ..........၁လုံး

မုန်​လာဥနီ................၁လုံး

​ဂေါ်ဖီထုပ်​.................အနည်​းငယ်​

ငရုတ်​သီးစိမ်​း.. ..........၅​တောင်​့

သံပုရာသီး.................၂လုံး

ငရုတ်​သီးဆီချက်​..........၁ဇွန်​း(လက်​ဖက်​စားဇွန်​း)

ငရုတ်​​ဆော့စ်​..............၁ဇွန်​း(ထမင်​းစားဇွန်​း)

နှမ်​း​လှော်​...................အနည်​းငယ်​

နံနံပင်​.......................အနည်​းငယ်​

ကြက်​သွန်​နီ၊မုန်​လာဥနီ၊​ဂေါ်ဖီထုပ်​တို့ကိုပါးပါးလှီးပြီး​ရေစိမ်​ထားပါ။

ဇလုံအ​သေးတစ်​ခုထဲမှာ ငရုတ်​သီးစိမ်​းပါးပါးလှီး၊ငရုတ်​ဆီချက်​၊ ငရုတ်​​ဆော့စ်​၊သကြား၊ ဟင်​းခတ်​မှုန်​့၊ဆားတို့ကိုထည်​့ပြီးသံပုရာရည်​ညှစ်​ကာ​ဆော့စ်​ရည်​​ဖျော်​ထားပါ။

ခရမ်​းချဉ်​သီးကို အဝိုင်​းလိုက်​ပါးပါးလှီးပြီးပြင်​ဆင်​မယ်​့ပန်​းကန်​ပတ်​လည်​မှာစီခင်​းပါ။

​ရေစိမ်​ထားတဲ့ကြက်​သွန်​နီ၊​ဂေါ်ဖီအ​ရောကို​ရေစင်​​အောင်​ညှစ်​ပြီးခရမ်​းချဉ်​သီးအတွင်​းပိုင်​းမှာဖြန်​့ခင်​းပါ။

​ဆေးဘဲဥ​တွေကိုအခွံခွာပြီး(၁)လုံးကို ၆စိတ်​​လောက်​လှီးပြီးထည်​့ပါ။

​ဖျော်​စပ်​ထားတဲ့ ချဉ်​ငံစပ်​အရည်​ကို​ဆေးဘဲဥ​ပေါ်သို့

နှံ့​အောင်​​လောင်​းထည်​့ပါ။

နှမ်​း​လှော်​​လေးဖြူ းပြီးနံနံပင်​​လေးဖြင်​့အလှဆင်​ပါ။ဒါဆိုရင် ဘေးကလူတွေတောင် သရေကျပြီး စားချင်နေလောက်မှာပါ။ 

Source : Winnaingthein25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။