မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်အပေါ် လူမှုအသိုက်အဝန်းမျိုးစုံမှ စကားသံများ

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အောက်တိုဘာ ၉ ရက်က အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုကြောင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဥပဒေနှင့်အညီ နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ရွက်လျက်ရှိသော်လည်း ပြည်ပမီဒီယာအချို့က အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး ပုံကြီးချဲ့ပြောဆိုမှုများ၊ လူမျိုးရေးနှင့် ဘာသာရေးဖိနှိပ်မှုအသွင် ထုတ်လွှင့်ရေးသားမှုများအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်သိက္ခာထိခိုက်စေနိုင်သော ထုတ်လွှင့်ရေးသားမှုများ ပြုလုပ်လျက်ရှိရာ အဆိုပါကောလာဟလသတင်းများနှင့်ပတ်သက်၍ မောင်တောမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများနှင့် ဒေသနေ အစ္စလာမ်ဘာသာဝင်များအား တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။

အာရ်ဟူစိန်

(မြို့မတောင်ရပ်ကွက်၊ မောင်တောမြို့)

မကြာမီက အကြမ်းဖက်တိုက်ခိုက် ခံရမှုအတွက် အလွန်ဝမ်းနည်းရပါ တယ်။ ကျဆုံးခဲ့သူတွေအတွက်လည်း ကြေကွဲရပါတယ်။ ဒီဖြစ်စဉ်ရဲ့ ဂယက် ရိုက်ခတ်မှုဟာ ဒီဒေသက ပြည်သူတွေ ကို ထိခိုက်မှုဖြစ်စေပါတယ်။ အကြမ်း ဖက်တိုက်ခိုက်တာကို နိုင်ငံတကာ ကလည်း မလိုလား၊ ကျွန်တော်တို့ လည်း မလိုလားပါဘူး။ အဲဒီဖြစ်ရပ် ကြောင့် နိုင်ငံတော်မှာ ထိခိုက်ဆုံးရှုံးမှု တွေဖြစ်စေပါတယ်။ အကြမ်းဖက် တိုက်ခိုက်တာဟာ ဘာအကျိုးကျေးဇူး မှလည်း မရပါဘူး။ ဒီဖြစ်စဉ်အတွက် နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာ တွေ လုပ်နေတယ်လို့ ယူဆပါတယ်။ ဒီဒေသမှာ အလုပ်လက်မဲ့တွေများပြီး ပညာလည်းမတတ်ကြတာ များတယ်။ ဥပဒေကိုလည်း နားမလည်ကြပါဘူး။ ဒါကြောင့် ဒီလိုဖြစ်တာပါ။ နောက်ပြီး အလုပ်အကိုင်တွေလည်း မရှိတာမို့ စိတ်လွဲဖောက်ပြန်မှုတွေ ဖြစ်ပေါ် တာပါ။ အနာဂတ်မှာ အလုပ်အကိုင် တွေပေးနိုင်ရင်တော့ ကောင်းသွားမယ် လို့ ယူဆပါတယ်။

ဒေါက်တာလှမြင့်

(အမှတ်(၄)ရပ်ကွက်၊ မောင်တောမြို့)

မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ဒီဒေသမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးတွေ ရပ်ဆိုင်းခဲ့ရတယ်။ တစ်ဦးချင်း ထိခိုက် နစ်နာသလို နိုင်ငံတော်ဘက်မှာလည်း ထိခိုက်နစ်နာမှုတွေရှိတယ်။ ဒီလို အကြမ်းဖက်တိုက်ခိုက်တာတွေကို မလိုလားပါဘူး။ မကြိုက်ပါဘူး။ ဒီဒေသမှာ နေထိုင်သူတွေဟာ လူမျိုး၊ ဘာသာမတူပေမယ့် ချစ်ချစ်ခင်ခင်နေ နိုင်ကြရမှာဖြစ်ပါတယ်။ ဒီနိုင်ငံထဲမှာ နေရင် ဒီနိုင်ငံကိုချစ်ရမယ်၊ သစ္စာရှိ ရမယ်၊ ဥပဒေနဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမယ်ဆိုတဲ့ ခံယူချက်ရှိရမယ်။ နိုင်ငံတော်အစိုးရကလည်း အကျိုးရှိ အောင် လုပ်ဆောင်နေတာဖြစ်တယ်။ မိဘဟာ သားသမီးတွေကို ကောင်းအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ရေရှည် မှာ ကောင်းမွန်တဲ့ဆန္ဒနဲ့ လုပ်တာလို့ ပဲမြင်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက် ပြီး နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်မှု အပေါ် ကျွန်တော်တို့ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်ကြောင့် စားဝတ်နေရေး၊ ပညာသင်ကြားတာတွေ အနှောင့်အယှက်ဖြစ်ရတယ်။ ဒီလို ကြုံတွေ့ရမှုတွေ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားစေချင်ပါတယ်။ ဒေသတည်ငြိမ်အေးချမ်းဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် တိုးတက်ဖို့ မလွယ်ပါဘူး။

ဦးရှားအာလောမ်

(မောင်နီရွာ၊ မြို့မကညင်တန်းအုပ်စု၊ မောင်တောမြို့)

အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း မောင်တောခရိုင်အတွင်း ကျေးရွာတွေမှာ ပေါ်တာဆွဲတာ၊ အဓမ္မပြုကျင့်တာတွေ မြင်တွေ့တဲ့သူတွေရှိတယ်လို့လည်း မကြားမိပါဘူး။ တကယ်လို့ အဓမ္မပြုကျင့်ခံရတာမှန်ရင် အဲဒီ မိန်းကလေးက ထွက်ဆိုချက်မပေးရင် ဘယ်လိုယုံကြည်လို့ရမလဲ၊ အတည်ပြု လို့ရမလဲ။ တိုင်ကြားမှုတွေလည်း မရှိပါဘူး။

ဦးနူရ်မူဟာမက်

(ရပ်ကွက်-၅၊ မောင်တောမြို့)

အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် မောင်တောမြို့နဲ့ ကျေးရွာတွေ အသွားအလာတွေ နည်းသွားတယ်။ ဒီဖြစ်စဉ်တွေ မဖြစ်ပွားချိန် ကလည်း အဲဒီရွာတွေဘက်က ရွာသူ ရွာသားတွေ အသွားအလာများတာ တော့မဟုတ်ပါဘူး။ တချို့ရွာသားတွေ က တစ်ရွာနဲ့ တစ်ရွာ ပြောင်းရွှေ့နေထိုင်တာမျိုးတော့ရှိတယ်။ အခင်း ဖြစ်ပွားခဲ့တဲ့ ရွာအချို့မှ အိမ်အနည်း ငယ် မီးရှို့တာတွေကြားပေမယ့် သေသေချာချာမသိပါဘူး။

ဦးဇီယာအူဒိန်

(မောင်နီရွာ၊ မြို့မကညင်တန်းအုပ်စု၊ မောင်တောမြို့)

အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း အသွားအလာနည်းသွားတာက လူတွေစိုးရိမ် နေကြတာလည်းပါတယ်။ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ ငါ့ကို ဖမ်းမှာလားဆိုတဲ့အတွေးတွေနဲ့ စိုးရိမ် နေကြတယ်။ ဒါကြောင့်မိ့ုသတ်မှတ်ထား တဲ့အချိန်အတွင်းမှာ သွားလာလို့ရတယ် ဆိုတာ ဒေသခံတွေ အလွယ်တကူ သိရှိနိုင်အောင် တာဝန်ရှိသူတွေက အသိပေးဖို့ လိုအပ်ပါတယ်။ အောက်ခြေအထိ ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြပေးထားဖို့လိုတယ်လို့ ထင်ပါတယ်။

ဦးလှသိန်း

(မြို့မတောင်ရပ်ကွက်၊ မောင်တောမြို့)

အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီဒေသကလူတွေ စီးပွားရေး ဒုက္ခရောက်ရတယ်။ ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ အကြမ်းဖက် တိုက်ခိုက်တာတွေကို ဘယ်ဘာသာ ဝင်မှ လက်မခံပါဘူး။ ဒီလိုဖြစ်ရပ်တွေ ဆက်ပြီးမဖြစ်ဖို့လိုပါတယ်။ ဝိုင်းဝန်း ကာကွယ်ဖို့လိုသလို သေးတာကို ကြီးအောင်မလုပ်သင့်ပါဘူး။ အကြမ်းဖက်လုပ်ရပ် လုပ်တဲ့သူတွေကလည်း ဒါကောင်းတာလား၊ မကောင်းတာလား စဉ်းစားဖို့လိုပါတယ်။

ကိုအေရမ် (စတိုးဆိုင်ရှင်၊ မြို့မစျေး၊ မောင်တောမြို့)

အဲဒီအကြမ်းဖက်စီးနင်းတိုက်ခိုက် မှုဖြစ်စဉ်ကြောင့် အရောင်းအဝယ်တွေ ထိခိုက်တယ်။ စျေးကို လာရောက် ဝယ်ယူသူတွေ အရင်ထက်နည်းပါး သွားတယ်။ ရွာဘက်ကလူတွေ မလာရဲကျတော့ အရောင်းအဝယ်ကျသွား တာပေါ့။ ကျွန်တော်တို့ကတော့ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို မကြိုက်ပါဘူး။ စီးပွားရေးထိခိုက်တာမို့ ကျွန်တော်တို့ကတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လက်မခံပါဘူး။ အရင်က တစ်နေ့ကို ငွေကျပ် ငါးသိန်း ဖိုးလောက် ရောင်းရတာကို အခု ငါးသောင်းဖိုးလောက်ပဲ ရောင်းရတော့တယ်။

ကိုဇော်မင်းထွန်း

(ဘာတာဖိနပ်ဆိုင်ရှင်၊ မောင်တောမြို့မစျေး)

ကျွန်တော်တို့ကတော့ အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချပါတယ်။ မကြိုက်ပါဘူး။ နဂိုအတိုင်း အေးအေး ချမ်းချမ်းပဲ နေချင်ပါတယ်။ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရောင်းအဝယ်တွေကျဆင်းပါတယ်။ စီးပွားရေးထိခိုက်ပါတယ်။ ကျွန်တော်တို့ မိဘတွေလက်ထက်ကတည်းက ဒီဆိုင်ဖွင့်ပြီး ဖိနပ်ရောင်းခဲ့တာ နှစ် ၂ဝ ရှိပါပြီ။ အကြမ်းဖက်မှုတွေ မဖြစ်စေချင်ပါဘူး။

မအေးအေးခိုင် (ရခိုင်တိုင်းရင်းသူ၊ အောင်မင်္ဂလာကျေးရွာ၊ မောင်တောမြို့နယ်)

ပထမဦးဆုံး ဘူးသီးတောင်ကယ်ဆယ်ရေးစခန်းမှာပါ။ အဲဒီစခန်းကနေ အခုမောင်တောမြို့ပေါ်က ကယ်ဆယ်ရေးစခန်းကို ရောက်လာတာပါ။ စားဝတ်နေရေးနဲ့ လုံခြုံရေးအခက်အခဲ ရှိတာကြောင့် ဒီကယ်ဆယ်ရေးစခန်းကနေ မပြန်သေးတာပါ။ ပြန်ဖို့တော့ အစီအစဉ်ရှိပါတယ်။ ဒီကယ်ဆယ်ရေး စခန်းမှာ စားဝတ်နေရေး၊ ကျန်းမာရေး ကအစ အားလုံးအဆင်ပြေပါတယ်။ ဒီကယ်ဆယ်ရေးစခန်းကို ငါးခူရ၊ အောက်ပြူးမ၊ အောင်မင်္ဂလာ စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ၁၂ ရွာ လောက်ကလူတွေ လာရောက်ခိုလှုံကြတာပါ။

ဦးခင်မောင်သန်း(ရခိုင်တိုင်းရင်းသား၊ အရေးပေါ်ကူညီထောက်ပံ့ရေး ကော်မတီဥက္ကဋ္ဌ၊ မောင်တောမြို့)

ဒီကယ်ဆယ်ရေးစခန်းကို လာရောက်တဲ့ရွာတွေကတော့ ၁၂ ရွာ လောက်ရှိပါတယ်။ လက်ရှိတော့ အိမ်ထောင်စုငါးစုလောက် လူဦးရေအား ဖြင့် ၁၆ ယောက်လောက်ပဲကျန်ပါတော့တယ်။ သာသနာ့ဗိမာန်မှာ ကျန်နေတဲ့ စားနပ်ရိက္ခာတွေကိုတော့ စားဝတ်နေ ရေးအဆင်မပြေလို့ စာနဲ့လာတောင်း တဲ့အခါ အဲဒီရွာအထိ လိုက်လံ ပို့ဆောင်ပေးပါတယ်။ အောက်တိုဘာ ၁၆ ရက်ကစပြီး ရေကြောင်းကနေ လိုက်လံပြီး လှူဒါန်းပေးခဲ့ပါတယ်။ ထောက်ပံ့တဲ့ပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ပဲ၊ ငါးခြောက်တွေပါ။ ဝေငှတဲ့အခါမှာလည်း အိမ်ထောင်စုအလိုက် ဝေငှပါတယ်။ အိမ်ထောင်စုဘယ်လောက်ဆိုရင် ဆန်အိတ်ဘယ်လောက်လိုမယ် ဆိုတာတွက်ချက်ပြီး ဆန်အိတ် ၂ဝဝ လိုရင် အိတ် ၂ဝဝ ထောက်ပံ့လှူဒါန်း ပေးပါတယ်။ နေရေး၊ ထိုင်ရေး၊ ပညာ ရေး၊ ကျန်းမာရေးကအစ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေရော၊ တခြားလူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်။

Mr. Chris Carter (UN Senior Advisor for Rakhine)

ကျွန်တော်တို့ ဒီကိုရောက်လာတဲ့ အဓိကရည်ရွယ်ချက်က လုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားနဲ့ ဒီဒေသမှာရှိတဲ့ အစ္စလာမ်ဘာသာ ဝင်တွေကို လိုအပ်တဲ့အကူအညီတွေ ပေးဖို့ဖြစ်ပါတယ်။ လူမျိုးဘာသာ ခွဲခြားမှုမရှိပါဘူး။ လောလောဆယ်မှာတော့ သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ညှိနှိုင်းပြီး ဆန်၊ ဆီ၊ ပဲ၊ ဆား စတဲ့ အခြေခံစားကုန်တွေကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ပံ့ပိုးတဲ့အခါမှာ လောလောဆယ် သီတင်းနှစ်ပတ်စာအတွက် ရိက္ခာပံ့ပိုးပေးဖို့ဖြစ်ပါတယ်။ နေရပ်စွန့်ခွာသူများအရေအတွက်နဲ့ မိသားစုအနည်းအများအပေါ် မူတည်ပြီး ထောက်ပံ့ပေးသွားမှာဖြစ်တဲ့အတွက် ရက်သတ္တလေးပတ် သို့မဟုတ် ငါးပတ်စာဖြစ်နိုင်ပါတယ်။ ဒီလိုအကြမ်း ဖက်ဖြစ်ရပ်က ဒေသခံတွေအတွက် ဆိုးရွားတဲ့ရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာမို့ နောက်ထပ် မဖြစ်ပွားအောင် တားမြစ်ဖို့လိုပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသလို ရခိုင်တိုင်းရင်းသားတွေရော အစ္စလာမ်ဘာသာဝင်တွေပါ ဘယ်သူမဆို တရားဥပဒေကိုလိုက်နာ ဖို့လိုအပ်ပါတယ်ဟု ဖွင့်ဟပြောကြားခဲ့ ကြပါကြောင်း။

Credit - MOI WebPortal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။