ထရန့် အစိုးရ ဟာ ကျူးဘား နိုင်ငံမှ သံရုံးဝန်ထမ်း ၆၀ ရာခိုင်နှုန်း ကိုလျော့ချဖို့တနလာင်္နေ့က တောင်းဆိုလိုက်ပါတယ်။ ယခင်အပတ်က ကျူးဘားနိုင်ငံ ဟာဗားနား မှာ ရှိတဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေကို လျော့ချဖို့ စီစဉ်တဲ့ အကျိုးဆက်အနေနဲ့ လုပ်ဆောင်ချက်ပါ။ အမေရိကန် နဲ့ ကျူးဘားကြားမှာဆက်ဆံရေး လျောကျလာတဲ့ အဓိပ္ပာယ်လညး်ဖြစ်ပါတယ်။

အမေရိကန် နဲ့ ကျူးဘားနိုင်ငံ တို့ဟာ မကြာသေးမီကမှ ဆက်ဆံရေးနွေးထွေးခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ယခုလို် အမေရိကန် ရဲ့တောင်းဆိုချက်ဟာ အမေရိကန် နိုင်ငံသား ၂၁ ယောက် ဟာဗားနား မှာ ဖြေရှင်းနိုင်ခြင်းမရှိတဲ့ တိုက်ခိုက်မှုကို ကြုံခဲ့ရပြီး နောက် သံတမန်တွေကို ကာကွယ်ဖို့ ကြိုးစားတဲ့ အနေနဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေကို လျော့ချဖို့ စီစဉ်ခဲ့တာ ကနေ စတင်ခဲ့တာပါ။

အမေရိကန် နိုင်ငံသား ၂၁ ယောက် ဟာဗားနား မှာ တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာမြင့်တက်လျက်ရှိပါတယ်။ အမေရိကန် နိုင်ငံဟာ ယခင်က ဟာဗားနားမှာ လုပ်သား ၅၀ ရှိခဲ့ပြီး ၆၀ ရာခိုင်နှုန်း လျော့ချခဲ့ပြီး ချိန်မှာတော့ လုပ်သားအယောက် ၂၀ လောက်သာ ကျန်ပါတော့တယ်။

Source: AP News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။