မြောက်ကိုရီးယား ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးက မြောက်ကိုရီးယား နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အတွက် အမေရိကန်ကို စွပ်စွဲလိုက်ပါတယ်။ မြောက်ကိုရီးယား ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး မစ္စတာ Ja Song Nam က ကုလသမဂ္ဂ ရဲ့ မြောက်ကိုရီးယား အပေါ် စီးပွားရေးပိတ်ဆို့မှု ဟာ အမေရိကန် ရဲ့ မြောက်ကိုရီးယားပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝ နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လုံးဝ ပိတ်ဆို့လိုက်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောကြားလိုက််ပါတယ်။ ကုလသမဂ္ဂ ရဲ့ အဆိုပါ ပိတ်ဆို့မှုကို လည်း တရားမဝင်သော၊ မမျှတသော အရေးယူမှု အဖြစ် ခေါ်ဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဟာ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား နဲ့ တိုက်ချင်းပစ် ဒုံးပျံ စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အပြင်းထန်ဆုံး ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့ပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ နျူးကလီးယား လက်နက်ကင်းစင်ပြီး တွေ့ဆုံဆွေးနွေးခြင်းတွေ အစပြုဖို့ နဲ့ ကင်ဂျံုအန်းအစိုးရကို ဖိအားပေးဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။

မြောက်ကိုရီးယား ရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီးက တော့ "ကျွနု်ပ်တို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ နျူးကလီးယားလက်နက်အင်အား နဲ့ စီးပွားရေးကို တိုးတက်အောင် တပြိုင်တည်းဆက်လက်လုပ်ဆောင်သွားမယ်" လို့ ကုလသမဂ္ဂ ကော်မတီအစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ ကျောက်မီးသွေး၊ သံသတ္တု၊ ချည်ထည် နဲ့ ရေနံ နဲ့ ရေနံစိမ်း တို့ကိုတင်သွင်းခြင်းကို ကန့်သတ်တဲ့ ပိတ်ဆို့မှုတွေပါ၀င်ပါတယ်။

Source: AP News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။