ဘုရားကြီးသွားတဲ့ထိုင်းဘောလုံးသမားများ

မနက်ဖြန်မြန်မာအသင်းနဲ့ခြေစမ်းကစားဖို့ထိုင်းဘောလုံး

အသင်းဟာမြန်မာတို့ရဲ့မန်းရွှေမြို ့တော်ကြီးဆီရောက်ရှိ

နေကြပါတယ်။ဘုရားလည်းဖူးလိပ်ဥလည်းတူးဆိုသလို

ဘောလုံးလာကန်ရင်းမန္တလေးမြို့ကတန်ခိုးကြီးလှတဲ့

မဟာမြတ်မုနိဘုရားကြီးဆီသွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။

ထိုင်းဘောလုံးသမားတွေဟာဘာသာတရားကိုင်းရှိုင်း

သူတွေဖြစ်ပြီးဆူဇူကီးဖလားတုန်းကရန်ကုန်ကိုရောက်

ခဲ့တုန်းကလည်းရွှေတိဂုံစေတီတော်မြတ်ကြီးကိုသွားရောက်

ဖူးမျှော်ခဲ့ကြပါတယ်။

ဘုရားကြီးဆီသွားရောက်ဖူးမျှော်ပြီးနောက်မှာမန္တလေးမြို့ရဲ့

Trademark တစ်ခုဖြစ်တဲ့တောင်သမန်အင်းနဲ့ဦးပိန်တံတားဆီချန်နာတစ်တို့တတွေခြေဦးလှည့်ခဲ့ကြပြန်ပါတယ်။ဦးပိန်တံတားပေါ်လျှောက်လိုက် တောင်သမန်ရဲ့အလှအပတွေကိုခံစားနေခဲ့ကြပါတယ်။မန္တလေးမြို့ရဲ့အလှအပတွေကိုခံစားပြီးနောက်ပုံမှန်အတိုင်း

သူတို့လေ့ကျင့်ရေးဆင်းခဲ့ကြပါတယ်။မနေ့ကပေါ့နော်။



ဒီနေ့မှာတော့မြန်မာနဲ့ထိုင်းပွဲကိုရှင်းလင်းပွဲကျင်းပခဲ့ပြီး

ထိုင်းနည်းပြရာဂျီဗက်ကဘောလုံးကိုချစ်တဲ့မြန်မာပရိသတ်တွေရှေ ့မှာကစားခွင့်ရလို့သူပျော်ရွှင်တယ်လို့ပြောပါတယ်။

တကယ်လည်းလက်မှတ်တွေကကုန်သလောက်နီးနီး

ဖြစ်နေပါပြီ။လပြည့်နေ့မှာကျင်းပမယ့်မြန်မာနဲ့ထိုင်းပွဲကိုတော့

မန္တလေးကပရိသတ်ကြီးအားပေးဖို့အသင့်ဖြစ်နေကြပါပြီ။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။