ယခင်သမ္မတ ကတော်ဟောင်း မီရှယ် ဟာ အောက်တိုဘာ ၃ ရက်နေ့မှာ ကျရောက််တဲ့ ၂၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အတွက် ဆိုရှယ်မီဒီယာ ဖြစ်တဲ့ Twitter ပေါ်မှာ "ပျော်ရွှင်စရာ ၂၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ပါ။ နင်ဟာ ငါ့အတွက် အကောင်းဆုံးအဖော်မွန်ဖြစ်ရုံသာမက သိကျွမ်းတဲ့သူတွေထဲမှာ အထူးခြားဆုံးလူသားပါပဲ။ ငါနင့်ကို ချစ်ပါတယ်" လို့ အိုဘားမားကို မန်းရှင်းခေါ်ပြီးတင်ခဲ့ပါတယ်။

အိုဘားမား နဲ့ မီရှယ်တို့ဟာ စတင်ချိန်းတွေ့ချိန်မှ သမ္မတအိမ်တော်မှာ အမှုထမ်းစဉ်တစ်လျှောက် အားကျစရာ စုံတွဲ အဖြစ်သတ်မှတ်ခြင်းခံရပါတယ်။ အမေရိကန်ပြည်သူတွေကိို မနှစ်က နောက်ဆုံး နှုတ်ဆက်စကားပြောကြားချိန်မှာ သမ္မတ အိုဘားမား ဟာ သူမရဲ့ ဇနီး မီရှယ်ကို ကျေးဇူးတင်တဲ့အကြောင်း မျက်ရည်စို့ကာ ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ယောက် ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ၁၉၈၉ ခုနှစ် ဂျွန်လမှာ စတင်ခဲ့တာပါ။ အဲ့ဒီ့နှစ်နွေရာသီမှာ သူတို့နှစ်ယောက် ချိန်းတွေ့ပြီး ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလမှာ တော့ သူတို့လက်ထပ်ခဲ့ကြပါတယ်။ အိုဘားမားဟာ ဥပဒေနယ်ပယ်မှာ ဆက်လက်လုပ်ကိုင်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဂျူလိုင်လမှာတော့ သူတို့ရဲ့ ပထမဆုံးသမီးလေး Malia ကိုမွေးဖွားခဲ့ပြီး ဒုတိယတစ်ယောက်ဖြစ်တဲ့ Natasha ကိုတော့ ၂၀၀၁ခုနှစ် ဂျွန်လမှာမွေးဖွားခဲ့ပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။