သီတင်းကျွတ်ပိတ်ရက်မှာ မိသားစုလိုက်စားလို့ရအောင် အချိုပွဲလေးတွေ လုပ်စားချင်သူတွေအတွက် အက်မင်က ပေါင်မုန့်ကျောက်ကျောလုပ်နည်းလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ကျောက်ကျော ဆိုတာကတော့ အလှုပွဲတိုင်းမှာ မရှိမဖြစ်ပါတဲ့ အချိုပွဲတစ်ခုပါ။ တစ်ခါတည်းလုပ်တတ်သွားအောင် အောက်ပါနည်းလေးအတိုင်း လုပ်စားကြည့်ကြနော်။

( ဗန်းသေးတစ်ဗန်းစာ)~~~~

အခါရောက်ပြီဆိုတော့

မဖြစ်မနေ လုပ်ရမယ် အချိုပွဲအတွက် ပြုလုပ်နည်း တင်ပေးလိုက်ပါတယ် ။ စာဖတ်ပြီး လုပ်စားကြည့်ပါ

ဒီနေ့မုန်လာဥရဲ့အမက ကျောက်ကျောစားချင်တယ်ဆိုတာနဲ့ပေါင်မုန့်ကျောက်ကျောလေးထိုးပေးဖြစ်ပါတယ် တကယ်တော့ ကျောက်ကျောထိုးဖို့နို့စိမ်းတို့အုန်းနို့တို့မရှိတာနဲ့ဒီပေါင်မုန့်ကျောက်ကျောလေးကိုထိုးဖြစ်သွားတာပါ ဒါလည်းအသစ်အဆန်းစားရတာပေါ့နော် အရသာရှိပြီးပါဝင်ပစ္စည်းနည်းတဲ့ ပေါင်မုန့်ကျောက်ကျောလေးကို မုန်လာဥနဲ့အတူ ထိုးကြည့်ရအောင်...

(ပုံအောက်မှာလည်းရေးပေးထားပါတယ်)

ကြာချိန်~~~~

၃၀မိနစ်

အရသာ

ချိုအေးမွှေး

ပါဝင်ပစ္စည်းများ

အာဂါးကျောက်ကျောမှုန့်အပြာရောင်၂၅ဂရမ်ထုပ်၏တစ်ဝက်

တယ်လီဖုန်းကျောက်ကျောမှုန့်၁ဇွန်း

သကြား၅ကျပ်သား

ပေါင်မုန့်၂ချပ်

ရေရ၅၀မီလီလီတာ

ပြုလုပ်ပုံ

-------

ရေရ၅၀မီလီလီတာကို သကြား၅ကျပ်သားထည့်၍ဆူလာသည်အထိတည်ပါမယ် ဆူလာရင် တယ်လီဖုန်းကျောက်ကျောမှုန့် ၁ဇွန်းကို အရင်ထည့်ပြီးမွှေပါမယ်

အမှုန့်တွေကြေသွားရင် အာဂါးကျောက်ကျောမှုန့်အပြာရောင်၂၅ဂရမ်ထုပ်၏တစ်ဝက်ကို ဖြည်းဖြည်းချင်းထည့်ပြီး ကြေအောင်မွှေပါမယ် ကျောက်ကျောရည်ပျစ်လာရင်မီးပိတ်ပါမယ် ပေါင်မုန့်၂ချပ်ကိုညှပ်ထားပါမယ်

ပြင်ဆင်ပုံ

ညှပ်ထားတဲ့ပေါင်မုန့်များကိုဗန်းထဲမှာခင်းပါ အပေါ်ကနေကျောက်ကျောရည်ကို လောင်းချပြီးအအေးခံထားပါမယ် ခဲသွားရင် လိုသလိုလှီးဖြတ်ပြီး စားသုံနိုင်ပါပြီရှင်

မှတ်ချက်

အချိုကြိုက်ရင်သကြားပိုထည့်ပါ'-' ရေခဲသေတ္တာထဲထည့်ပြီးမှစားသုံးပါက ပို၍ ချိုမွှေးအေးမြသော ကျောက်ကျောကို သုံးဆောင်နိ်ုင်မှာဖြစ်ပါတယ်

ကဲ ပျော်ရွှင်ဖွယ်သီတင်းကျွတ်ပိတ်ရက်လေးဖြစ်ပါစေ။

Carrot Food Channel မှ ကူးယူမျဝေပေးထားပါသည်

Source : Carrot Food Channel 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။