ပြည်သူ့အချစ်တော် မအေးသောင်းဟာ သတင်းကျွတ်လပြည့်နေ့မှာ စတုဒီသာ အလှူလေးပြုလုပ်မယ်လို့ သိရပါတယ်။ သူမရဲ့ အလှူကို (၇)ရက်သားသမီးများနဲ့ ပရိသတ် အမျိုးများကိုလည်း လာရောက်ဖို့ကို ဖိတ်ခေါ်ထားပါတယ်။ သတင်းကျွတ်လပြည့်နေ့ မနက်(၈)နာရီမှာ ရွှေတိဂုံဘုရားမှာ ကျွေးမွေးလှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

မအေးသောင်းက သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားဖိတ်ခေါ်ထားပါတယ်။ “နက်ဖြန် မနက်(၈)နာရီ သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံဘုရားမှာ စတုဒီသာအလှူလေးလုပ်မယ်ရှင့်..။ အမျိုးတွေ အားရင်လာခဲ့ကြပါအုံးရှင့်..။” ဟု သူမရဲ့ အလှူကို ဖိတ်ခေါ်ထားပါတယ်။

သတင်းကျွတ်လပြည့်နေ့ဟာ မြန်မာလူမျိုးများရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်လေးမှာ အလှူဒါန ပြုရင်း ကုသိုလ်ယူကြပါတယ်။ ပြည့်သူ့အချစ်တော် မင်းသမီးချောလေး မအေးသောင်းကလည်း သူမရဲ့ စတုဒီသာ အလှူလေးကို ပရိသတ်များကို လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ မနက်ဖြန် သတင်းကျွတ်လပြည့်နေ့လေးမှာ ရွှေတိဂုံဘုရားမှာ ဘုရားဖူးကုသိုလ်ယူရင်း မအေးအောင်းရဲ့ အလှူလေးကိုလည်း သွားရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။