အသံချိုချိုလေးနဲ့ ပရိသတ်အကြိုက် တေးသီချင်းတွေကို သီဆိုပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ အေသင်ချိုဆွေဟာ The Night Market ပွဲတော်မှာ ဈေးလာရောင်းမယ်လို့ သိရပါတယ်။ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ အေသင်ချိုဆွေဟာ စီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်နေပါတယ်။ အေသင်ဟာ The Night Market ပွဲတော်မှာ သူမရဲ့ အစားအသောက်တွေကို ရောင်းချပေးသွားမှာ ဖြစ်လို့ လာရောက် အားပေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

The Night Market ပွဲတော်ကို ရန်ကုန် ပြည်သူ့ရင်ပြင်ကစားကွင်းအနီးမှာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ အောက်တိုဘာ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ ညနေ(၃)နာရီကနေ ည(၁၀)နာရီအထိ (၄)ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အေသင်က သူမရဲ့ CHAN A ဆိုင်က စားသောက်ဖွယ်ရာတွေနဲ့ ကွေ့တီယိုသုပ်နဲ့ Yam Yam Saefood သုတ်လေးတွေကို လာရောက်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အေသင်က သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။ “အခုလာမယ့် ၅,၆,၇,၈ မှာ ပြုလုပ်ကျင်းပမယ့် the night market မှာ CHAN A လည်း တူတူရှိနေမှာပါ..။ The night market ကို ရောက်ခဲ့ရင် အေသင်ရဲ့ CHAN A မှာလည်း ကွေ့တီယိုနဲ့ ယမ်ယမ် Seafood သုပ်လေး အားပေးပါဦးလို့” ဟု ရေးသား ဖိတ်ခေါ်ထားပါတယ်။ ပရိသတ်ကြီးလည်း The Night Market ပွဲတော်ကို ရောက်ခဲ့ရင် အေသင်ရဲ့ CHAN A ကိုလည်း သွားရောက် အားပေးဖို့ မမေ့နဲ့ဦးနော်…။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။