မိုးယုစံ ရဲ့ အတိတ်နှင့် ပတ်သက်ပြီးတော့ ကောလဟာလ တွေမျိုးစုံထွက်လာပါတယ်။ မိုးယုစံအား သူတပါးအိမ်ထောင်ကို ဖြိုခွဲခဲ့တယ်ဆိုပြီး သတင်းများစွာထွက်ပေါ်လာပါတယ်။ ထိုကောလဟာလတွေ သတင်းတွေနှင့် ပတ်သက်ပြီးတော့ မိုးယုစံရဲ့ ခင်ပွန်းဖြစ်သူကိုစွမ်းသူက ယခုလိုမျိုးပြောကြားခဲ့ပါတယ်။

'လူတွေဟာ သူတို့ရဲ့ ဘဝမှာ အခတ်အခဲမျိုးစုံ ၊ ကိစ္စမျိုးစုံ ကြုံတွေ့ပြီးကြီးပြင်းလာခဲ့ကြတာပါ။ မှားတာတွေလည်းရှိခဲ့သလို၊ မှန်တာတွေလည်းရှိခဲ့မှာပါ။ ဒါပေမယ့်အဲ့ဒီဟာတွေဟာ အဓိကအချက်မဟုတ်ပါဘူး။ ထိုအရာတွေဟာ ကိုယ့်ရာဇဝင်ဖြစ်သလို၊ လူတိုင်းက မိမိကောင်းဖို့ အတွက် မိမိရာဇဝင်ကိုရေးခဲ့ကြတာပါဘဲ။ ကျွန်တော်တို့နှစ်ယောက်အတွက်တော့ မလိုအပ်တဲ့ ကောလဟာလတွေကလည်းလွဲရင် ပိုပြီးကောင်းမွန်တဲ့ ဘဝကို တည်ဆောက်နေကြပြီး ကျွန်တော်တို့နှစ်ယောက်ရှေ့ဆက်ပြီး လုပ်ကိုင်ဖို့ အစီအစဉ်တွေများစွာ ချမှတ်ထားပြီးပါပြီ။

ကျွန်တော်ပြောချင်တာကတော့ သူနှင့် လက်မထပ်ခင်ကတည်းက ကျွန်တော်ကိုယ်တိုင်အားလုံးကို စုံစမ်းပြီးသားပါ။ ထွက်လာတဲ့ ရလပ်တိုင်းဟာ လည်း ကျွန်တော်မျှော်မှန်းထားသလို အမြဲကောင်းခဲ့ပါတယ်။ သူများ မိသားစုကိုဖျက်စီးခဲ့တယ်၊ ဒါမှ မဟုတ်ပျက်စီးအောင်ပြုလုပ်ခဲ့တယ်ဆိုပြီးပြောနေတဲ့ သူတွေကတကယ်တော့ သူတို့ စိတ်ကူးယဉ်ပြီး သူတို့ အထင်နှင့်ပြောနေကြတာပါ။

အဖြစ်မှန်ကို သိချင်ရင် အဆုံးထိစုံစမ်းပြီးမှ ပြောကြပါ။ ပြီးရင် သင်တို့ထင်သလို သင်တို့ ကြားရသလို မဟုတ်ဘူးဆိုတာကို တွေ့ရမှာပါ။ ကျွန်တော့် မိန်းမကိုတော့ အဲ့ဒီကောလဟာလ တွေနှင့် ပတ်သက်ပြီး ဂရုမစိုက်ဖို့ မစိုးရိမ်းဘဲ အေးအေးဆေးဆေးနေဖို့ ကျွန်တော်ပြောထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အကောင်းဆုံးမိန်းမတစ်ယောက်ရထားသလို၊ သူမကို သက်ဆုံးတိုင်ချစ်သွားမှာပါ။

ပြီးတော့ ကျွန်တော်တို့ ဘာသာကျွန်တော်တို့အေးအေးချမ်းချမ်းနေပါရစေ။ ကျွန်တော်တို့ကို ချစ်တဲ့သူပဲဖြစ်ဖြစ် မုန်းတဲ့သူပဲ ဖြစ်ဖြစ် အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒါနဲ့ပြောရဦးမယ် ဂျာမနီမှာ အရမ်းအေးတယ်ဗျ။' ဆိုပြီး သူ့ရဲ့ ဖေ့ဘွတ်အကောင့်မှာတင်ထားပါတယ်။ သင့်လျော်သလို ဘာသာပြန်ထားတဲ့အတွက် စာကြွင်းစာကျန်တွေရှိခဲ့ပါက တောင်းပန်ပါတယ်။

မိုးယုစံကတော့ ဘာပဲဖြစ်ဖြစ်သူမကို အရမ်းချစ်တဲ့ ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကုသိုလ်ကံကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့တောင်ပြောလို့ရပါတယ်။ အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိပစ္စုပ္ပန်သာ အရေးကြီးတာမဟုတ်ပေဘူးလား။ သူတို့နှစ်ယောက်ကတော့ ယခု ဂျာမနီကို ဟန်းနီးမွန်းထွက်နေကြပါတယ်။ ကိုစွမ်းသူလိုမျိုး စိတ်မျိုးထားနိုင်တာကို တော်တော် ချီးကျူးမိပြီး အားကျလိုက်တာမိုးယုစံရယ်....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။