အမာခံမန်ယူပရိသတ်ကြည်လင်း


မြန်မာ့လက်ရွေးစင်အသင်းရဲ့တောင်ပံကစားသမား

ကြည်လင်းဟာပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာ

ယူနိုင်တက်ကိုအားပေးသူတစ်ယောက်ပါ။မန်ယူအသင်းကို

အရုးအမူးအားသူတစ်ယောက်ဖြစ်ပြီးမန်ယူဂျာစီ

ဝတ်ထားတဲ့သူ့ရဲ့ပုံရိပ်တွေကိုလူမှုကွန်ယက်မှာ

မကြာခဏတင်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

မန်ယူအသင်းမှာကြည်လင်းအကြိုက်ဆုံးကစားသမားကတော့

မန်ယူအသင်းခေါင်းဆောင်ဟောင်းဝိန်းရူနီပါ။မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူမန္တလေးမြို့ကိုရောက်

နေတဲ့ကြည်လင်းဟာသူ့ရဲ့လူမှုကွန်ယက်ကနေမန်ယူအကျႌဝတ်ထားတဲ့ပုံတွေတင်ခဲ့ပါတယ်။သူနဲ့အတူမြန်မာအသင်းခေါင်းဆောင်ရန်အောင်ကျော်လည်း

ပါပါတယ်။

သူတို့နှစ်ယောက်စလုံးဟာမန်ယူအသင်းကိုအားပေးတဲ့

အမာခံပရိသတ်တွေလို့ကြည်လင်းကပြောပြပါတယ်။

မနေ့ကလည်းမောင်မောင်လွင်နဲ့သန်းပိုင်တို့ဟာ

မန်ယူဂျာစီတွေကိုယ်စီဝတ်ပြီးshowပြခဲ့ပါသေးတယ်။

သူတို့တွေလည်းသရဲနီတပ်သားတွေဖြစ်ပုံပါပဲ။

သန်းပိုင်ဆိုရန်ကုန်မှာကျင်းပခဲ့တဲ့မန်ယူ

ပရိသတ်တွေတွေ့ဆုံပွံကိုတောင်တက်ရောက်ခဲ့သူပါ။

ဒါ့အပြင်မြန်မာအသင်းရဲ့တိုက်စစ်မှူးအောက်သူဟာ

လည်းတကယ့်မန်ယူပရိသတ်ကြီးပါ။မန်ယူတွေများတဲ့မြန်မာအသင်းလို့ဆိုရမှာပါ။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။