ပရိသတ်အချစ်တော် မင်းသား နဲ့မင်းသမီး ဖြစ်တဲ့ နေမင်း နဲ့ အေးမြတ်သူ ရဲ့ 8Day Cover အတွက်ရိုက်ကူးပေးထားတဲ့ပုံလေးက အသက်ဝင်လွန်းပါတယ်။

စစ်ယူနီဖောင်းဝတ်ဆင်ပြီး တစ်မူထူးခြားဆန်းသစ်အောင်ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို နေမင်းက သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ မျှဝေထားပါတယ်။

အနုပညာလောကမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် နေမင်း ဟာ သိုက်ကလာတယ်စကားမပြောဘူး ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အားပေးမှုတွေရရှိထားပါတယ်။

တပ်မတော်သားတစ်ယောက် ရဲ့ ဇာတ်ရုပ်နဲ့ ပိုပြီးလိုက်ဖက်တဲ့ နေမင်းဟာ ပြည်ထောင်စုသစ္စာဆိုတဲ့ စစ်ကားမှာလည်း ဗိုလ်ကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုရခဲ့ပါတယ်။

ဒါ့ကြောင့် တပ်မတော်ကိုချစ်တယ်ဆိုတဲ့ နေမင်း အတွက်တော့ အခုလို စစ်ယူနီဖောင်းအပြည့်အစုံနဲ့ ဓာတ်ပုံရိုက်ကူးရာမှာ အခက်အခဲမရှိပဲ လိုက်ဖက်တာကိုတွေ့ရပါတယ်။

ဇာတ်ရုပ်အပြင် ဇာတ်ရုပ်မျိုးစုံပီပြင်လှတဲ့ မင်းသမီးချောလေး အေးမြတ်သူကလည်း စစ်ယူနီဖောင်းလေးနဲ့ အတော်လေး ချစ်စရာကောင်းပြီး ခန့်နေတာကိုတွေ့ရပါတယ်။

အရာရှိယူနီဖောင်းကိုယ်စီနဲ့ ခန့်နေတဲ့ သူတို့နှစ်ယောက် လိုက်ဖက်ရဲ့လား။  

Source : Naymin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။