သရုပ်ဆောင်နေထူးနိုင်ကတော့ ညဏ်လင်းထက်ဆင်တော်မင်္ဂလာဆင်ဖြင့် ကျောက်ဆည် ဆင်အကပြိုင်ပွဲမှာ ဆင်ဦးစီးလုပ်ခဲ့တာဖြစ်ပါတယ်။ကျောက်ဆည် ဆင်ပြိုင်ပွဲမှာ ၀င်ရောက်ရှင်ပြိုင်ခဲ့ပြီး ဆင်းဦးစီးအနေနဲ့ လုပ်ခဲ့ရတာဖြစ်ပါတယ်။အောက်တိုဘာလ (၄) ရက်နေ့မှာ ပြုလုပ်တဲ့ ကျောက်ဆည်ဆင်အကပြိုင်ပွဲဖြစ်ပါတယ်။

ကျောက်ဆည်မြို့ဟာ ဆင်အကပြိုင်ပွဲမှာတော် နာမည်ကျော်ပါဘဲ ကျောက်ဆည်ဆင်အကကို ဘယ်မြို့ကမှ မှီအောင်မကနိုင်ပါဘူး။ထိုပြိုင်ပွဲမှာ သရုပ်ဆောင်နေထူးနိုင်ဟာ ပြိုင်ပွဲဝင်ရင်းနှင့် ကျောက်ဆည်မှာလည်းဇာတ်ကားရိုက်ကူးရန်ရောက်ရှိနေတာဖြစ်ပါတယ်။

အရိန္ဒမာသက်သေ၊လှည်းလမ်းပေါ်ကားမမောင်းရ ဆိုတဲ့ဗီဒီယိုဇာတ်ကား ရိုက်ကူးရန်လည်းရောက်ရှိခဲ့တာဖြစ်ပါတယ်။နေထူးနိုင်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။သူဟာ ဆင်ဦးစီးအကကို လည်းတတ်မြောက်သူတစ်ယောက်ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - nay htoo naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။