အင်ဒိုနီးရှားအမျိုးသားအား တိုက်ခိုက်ခဲ့သော ဧရာမစပါးအုံးမြွေအား ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့သိရပါတယ်။အကြောင်းမှာ ဧရာမ စပါးအုံးမြွေ တစ်ကောင်သည် အင်ဒိုနီးရှားအမျိုးသားတစ်ဦးကို လက်မောင်းပြတ်လုနီးပါး တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒါကြောင့် ထိုစပါးအုံးမြွေအား အပိုင်းပိုင်း ခုတ်ဖြတ် ချက်ပြုတ် စားသောက်ခံခဲ့ရသည်ဟု ဒေသခံရဲမှူးတစ်ဦးက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားအမျိုးသား ရောဘတ်နာဘာဘန်သည် စက်တင်ဘာ ၃၀ ရက်တွင် ဆူမတ်တြားကျွန်း၏ ဝေးလံသော Batang Gansal ခရိုင်ခွဲရှိ ဆီအုန်းစိုက်ခင်းတစ်ခုကို ကင်းလှည့်နေစဉ်အတွင်း ဧရာမမြွေနှင့် ကြုံတွေ့ခဲ့တာလို့သိရပါတယ်။

ဧရာမစပါးအုံးမြွေနှင့်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး ၎င်းင်း၏ ဝဲဘက်လက် မောင်းကို ကိုက်ခဲ့ရာတွင် ပြတ်ထွက်လုနီးပါးဖြစ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်လုံခြုံရေးအစောင့်တစ်ဦး နှင့် ဒေသခံရွာသားများက ကြားဝင်တိုက်ခိုက်ခဲ့ကြောင်း၊ နာဘာဘန်၏အသက်ကို ကယ်တင်ရန်အတွက် ယင်းတို့ထဲမှ တစ်ဦး က မြွေကို သစ်တုံးဖြင့် ရိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“စပါးအုံးမြွေက ၇ ဒသမ ၈ မီတာ ( ၂၅ ဒသမ ၆ ပေ) ရှည်ပြီးတော့ မယုံကြည်နိုင်လောက်အောင်ကြီးတယ်” ဟု အင်ဒိုနီးရှား နိုင်ငံသား အများစုကဲ့သို့ပင် နာမည်တစ်လုံးတည်းရှိသည့် ဒေသခံရဲအရာရှိ ဆူတာဂျာက ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ်-7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။