ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၆/၁-၀ အနီးတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ထိမ်းမှောက်သွားသော ဘုရားဖူးယာဉ်ဟာ (အောက်တိုဘာ ၅ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် အရှိန်လွန်ကာ ထိမ်းမှောက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

Hyundai အမျိုးအစား mini-bus ယာဉ်ဖြစ်လို့လည်းသိရပါတယ်။ဖြစ်ပွားခဲ့တဲ့ကျိုက်ထီးရိုး ဘုရားဖူးယာဉ်ဟာ အရှိန်လွန်ကာ လမ်းဘေးတွင် ကာထားသော အလူမီနီယမ် တန်းများကို တိုက်မိတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရပါတယ်။

ယင်း ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်သို့ (၁၁) မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီးဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။လိုက်ပါလာသော ဘုရားဖူးခရီးသည် ၂၅ဦးဒဏ်ရာရရှိတယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။