ခင်ဝင့်ဝါကတော့ ပရိသတ်ရဲ့ရင်ထဲက ပန်းလေးတစ်ပွင့်ဖြစ်နေတယ်ဆိုရင်မမှားပါဘူး။သူမရဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေ ယဉ်ကျေးတဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် ပရိသတ်ချစ်ခြင်းကိုအခိုင်အမာရရှိထားသူတစ်ယောက်ပေါ့။

မြန်မာတို့ရဲ့ ပွဲတော်ဖြစ်တဲ့ သီတင်းကျွတ်အချိန်သာမယမှာ ခင်ဝင့်ဝါကတော့ ပရိသတ်တွေအတွက် သီတင်းကျွတ်ဆုတောင်းလေးကို စာသားလေးနဲ့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ခင်ဝင့်ဝါရဲ့လူမှုကွန်ယက်ပေါ်မှာ "မင်္ဂလာရှိသော သီတင်းကျွတ် အခါသမယလေးဖြစ်ပါစေရှင့်"ဆိုတဲ့ ဆုတောင်းစာသားလေးကိုရေးသားထားခဲ့တာဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ဆုတောင်းစာသားလေးအတွက် သူမရဲ့ပရိသတ်တွေကလည်း စာသားလေးတွေနဲ့ ပြန်လည်ဆုတောင်းပေးတာတွေလည်းတွေ့ရပါတယ်။သူမရဲ့ပရိသတ်တစ်ယောက်အနေနဲ့ မခင်ဝင့်ဝါအတွက် လှပသောနေ့လေးတွေနဲ့ ပရိသတ်အချစ်တွေအများကြီးရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ချစ်စရာကောင်းတဲ့ မခင်ဝင့်ဝါကို ပရိသတ်တွေကလည်း ဆုတောင်းလေးတွေရေးသားထားခဲ့ဖို့ မမေ့ဖို့ တိုက်တွန်းပရစေ.............ကျေးဇူးတင်ပါတယ်။သာယာသောနေ့လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ...........

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။