ယနေ့ ခေတ်မှာ Body Shaming ဆိုတဲ့ စကားကို ကျွန်တော်တို့တွေ မကြာခဏကြားနေရပါတယ်။ တစ်ပါးသူရဲ့ ကိုယ်ခန္ဓာ ပိန်ခြင်း ဝခြင်း ပုခြင်း ရှည်ခြင်း စတာတွေနဲ့ ပတ်သတ်ပြီး အနုတ်သဘောဆောင်တဲ့ ဝေဖန်မှုမျိုးကို Body Shaming လုပ်တာလို့ ခေါ်ပါတယ်။ ကျွန်တော်တို့တွေ ချစ်ရတဲ့ အနုပညာရှင်တွေမှာလည်း Body Shaming လုပ်ခြင်းခံရသူတွေရှိပါတယ်။

တလောက ဂယက်တွေပါဟယ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကန်တော့ပွဲမှာ တွေ့ရတဲ့ မင်းသမီးတွေဖြစ်ကြတဲ့ ပန်းဖြူနဲ့ စမိုင်းလ်တို့ကလည်း Body shaming နဲ့ပတ်သတ်ပြီး ပြောထားကြပါတယ်။ အနုပညာလောကနဲ့ အလှမ်းကွာပြီး မိသားစုအရေး စီးပွားရေးတွေ ဇောက်ချလုပ်ကိုင်နေကြသူတွေဖြစ်တာတဲ့ စမိုင်းလ်ကတော့ 

" အဓိက ကတော့ မပန်းဖြူဆိုရင် တော်တော်လေးကို ဆွယ်ရတာပေါ့နော်။ သူက လုံးဝကိုမရိုက်ချင်ဘူး အထူးသဖြင့် သူဆိုရင် cyberbullying ဖြစ်နေတာပေါ့နော်။ အစ်မတို့ သုံးယောက်စလုံးဆိုရင်တော်တော်လေးကိုခံခဲ့ရတာပေါ့နော်။ ပုံအရမ်းပျက်နေပြီ၊ အရမ်းအခြေအနေဆိုးနေပြီဆိုပြီးတော့ သူတို့က ပြောပြီးသွားရော အစ်မတို့ကကျတော့ အဲ့ဒါကိုပိုပြီးတော့ ခံစားရတယ်။ အဲ့ဒီတော့ လူတိုင်းကို ဝတယ် ဝတယ်မပြောပါနဲ့ ဝသောသူကို ကြင်နာပါ။ ကြင်ကြင်နာနာဆက်ဆံပါလို့ပြောချင်တာပါ။ ပြီးတော့ အင်တာနက် ပေါ်မှာ ဖေ့စ်ဘွတ်ပေါ်မှာပေါ့နော် သူတို့ကတော့ ပြောပြီး ပြီးသွားပြီဆိုပေမယ့် အစ်မတို့ကျတော့ အဲ့ဒီ Comment လေးတစ်ခုပေါ်မှာ မျက်ရည်ပေါက်ပေါက်ကျတယ်။ အစ်မတို့မှ မဟုတ်ပါဘူး တခြားသူတွေလည်း အတူတူပါပဲ သူတို့ကိုပြောလိုက်တဲ့ စကားပေါ့နော် အင်တာနက်ပေါ်မှာဆိုတော့ မမြင်ရဘူးလေ အဲ့ဒီတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ရတာ အရမ်းလွယ်တယ်။ အဲ့ဒီလိုတွေ လုပ်ခြင်းအားဖြင့် တစ်ဖက်လူတွေအရမ်းခံစားရတယ်ဆိုတာကို အစ်မက ပြောချင်တာပါ'' လို့ ပြောထားပါတယ်။

Myanmar Idol Season II ရဲ့ winner ဖြစ်သူ အဆိုတော် သားငယ်ကလည်း Body Shaming နဲ့ပတ်သတ်ပြီး " Body Shaming လုပ်တာတွေရှိတယ်။ ဖက်တီးကြီးပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့တာတွေဂရုမစိုက်ပါဘူး။ ပေါင်က ၃၀၀ ကျော်တယ်။ အဲ့တော့ ကျန်းမာရေးကောင်းအောင် အခု Gym ဆော့ပြီး ဝိတ်ချနေတယ်" လို့ ကိုသားငယ်က ဆိုပါတယ်။

ကဲ ပရိသတ်ကြီးရေ မိမိတို့ကိုယ်တိုင်လည်း တပါးသူကို စိတ်ထိခိုက်တာမျိုး ဖြစ်နိုင်တဲ့ Body Shaming လုပ်တာမျိုးကို ရှောင်ရှားကြပါလို့ ပြောချင်ပါတယ်။

Photo Source: Cele Yat Kwat & Thar Nge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။