ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် နေမျိုးအောင် ကတော့ သီတင်းကျွတ်အားလပ်ရက်မှာ မိသားစုနဲ့အတူ ခရီးထွက်ရင်း အပန်းဖြေနေတယ်လို့သိရပါတယ်။

သဘာဝမင်းသားတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ပီပြင်လွန်းတဲ့ မင်းသားနေမျိုးအောင်ကတော့ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

ဒီနေ့အောက်တိုဘာလ(၅)ရက်နေ့ဟာ နေမျိုးအောင်တို့ ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း(၂၄)နှစ်ပြည့်အမှတ်တရနေ့လေးဖြစ်ပြီး မိသားစုလိုက် အင်းလေးမှာ အပန်းဖြေခရီးထွက်နေတယ်လို့ သိရပါတယ်။

တောင်ကြီး အင်းလေးမှာ အပန်းဖြေခရီးထွက်ရင်း ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစု ပုံရိပ်တွေကို နေမျိုးအောင်က သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ မျှဝေထားတာတွေ့ရပါတယ်။

ဘယ်နေရာသွားသွား ဇနီးဖြစ်သူကို အမြတ်တနိုးခေါ်သွားလေ့ရှိတဲ့ နေမျိုးအောင်တို့ မိသားစုပုံလေးတွေကတော့ ကြည်နူးစရာပါပဲ။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။