မင်းသမီးချောလေး နေအဉ္ဇရာကတော့ သူမရဲ့ နာမည်ကို ပြောင်းလိုက်ပြီ ဖြစ်ပါတယ်။ ယနေ့ အောက်တိုဘာ(၅)ရက်နေ့ဟာ မင်းသမီးချောလေး နေအဉ္ဇရာရဲ့ (၂၄)နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ သူမရဲ့ မွေးနေ့မှာ “ခြူး” လို့ နာမည်ပြောင်းလိုက်တာ ဖြစ်ပါတယ်။ဒီနေ့ အောက်တိုဘာ(၅)ရက်နေ့ သူမရဲ့ မွေးနေ့မှာ မိသားစုနှင့် သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများနှင့် စာနယ်ဇင်း Media များကို ဖိတ်ကြားပြီး စည်စည်ကားကားနဲ့ နာမည်ပြောင်း မွေးနေ့ပွဲလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ချစ်သူဖြစ်သူ ဟိန်းကိုကိုကျော်မှလည်း သူမကို အခုလို မွေးနေ့ဆုတောင်းစကားပြောပေးထားတာ တွေ့ရပါတယ်။ “တန်ဖိုးထားမြတ်နိုးရပါသော ချစ်သူလေး..ခြူး ၂၄ မွေးနေ့မှ စ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း ပြည့်စုံပြီး. ဒီထက်မက အနုပညာလောကမှာ ပိုပြီးအောင်မြင်ပါစေ.. ဒီထက်မက ဟိန်းကို ပိုပြီး ချစ်နိုင်ပါစေလို့ ဆန္ဒပြုရင်း….” လို့ ရေးသားထားပါတယ်။

သူမရဲ့ နာမည်ပြောင်း မွေးနေ့ပွဲကို တတ်ရောက်ခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်၊ စာနယ်ဇင်း မီဒီယာများကိုလည်း သူမရဲ့ fb စာမျက်နှာမှတစ်ဆင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောထားတာ တွေ့ရပါတယ်။ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ ခြူး ဟာ ဇာတ်ကားများစွာ ရိုက်ကူးနေပြီး ကြေညာများလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ လတ်တလော MRTV-4 မှာ ထုတ်လွှင့်ပြသလျှက်ရှိတဲ့ “ပဉ္ဇလက်ရွာ” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။