အောက်တိုဘာလ ၅ ရက်နေ့မှာ Girls' Generation မှ Seohyun ဟာ Ji Hyun Woo, Im Joo Eun, Kim Ji Hoon တို့နဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ MBC ရဲ့ ရုပ်ရှင်ကား ဖြစ်တဲ့ "Bad Thief, Good Thief" ဇာတ်ကားမှာ ကွန်ဖူးစွမ်းရည်ကိုပြသခဲ့ပါတယ်။

ဓာတ်ပုံတွေမှာ Seohyun ဟာ ဘယ်လိုတိုက်ခိုက်ရတယ်ဆိုတာ ကို သင်ယူနေတယ့် ပုံတွေကို မြင်တွေ့ရမှာပါ။ Seohyun က "သူမ အနေနဲ့ ဇာတ်ကားအတွက် ကွန်ဖူးစွမ်းရည်ကို အကောင်းဆုံးလေ့ကျင့်နေပါတယ်။ အက်ရှင်အခန်းတွေအတွက််ပါ။ ကွန်ဖူးဒါရိုက်တာ Kyung Ae unni ရဲ့သင်ပြမှုတွေကို လည်းကျေးဇူးတင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

"Bad Thief, Good Thief" ဇာတ်ကားမှာ Seohyun ဟာ ရဲစုံထောက်အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ ပရိသတ်တွေ ကတော့ သူမ ရဲ့ ကွန်ဖူးစွမ်းရည်တွေကို ဒီဇာတ်ကားမှာ မြင်တွေ့ရတော့မှာပါ။ ရဲစုံထောက် ဇာတ်ကောင်နေရာမှာ လည်း သူမဟာ လိုက်ဖက်သူဖြစ်လို့ အလွန်ကြည့်ကောင်းမယ့်ဇာတ်ကားလေး ဖြစ်ပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။