ပန်တဂွန် မှ တာဝန်ရှိသူတွေ ဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်ပွားခဲ့ပါက သေကြေပျက်စီးနိုင်တဲ့ ပမာဏကို တွက်ချက်ပြီး သတိပေးနေကြပါ။ ယခုထွက်ရှိလာတဲ့ အစီရင်ခံစာမှာ စစ်ဖြစ်ပွားပါက မြောက်ကိုရီးယား ရဲ့ နျူးကလီးယားလက်နက်ကြောင့် အိမ်နီးချင််း ဂျပန် နဲ့ တောင်ကိုရီးယားကို ထိခိုက််ပျက်စီးနိုင်ခြေကို အသေးစိတ်တွက်ချက်ထားပါတယ်။

အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ လေ့လာဆန်းစစ်သူ Michael J. Zagurek Jr. က မြောက်ကိုရီးယားဆီမှာ နျူးကလီးယားလက်နက် ၂၅ခုထိရှိတယ်လို့ခန့်မှန်းထားပြီး ၁၅ကီလိုတန်ရှိတဲ့ နျူးကလီးယားထိပ်ဖူး (ဟီရိုရှီးမား မှာကြဲချခဲ့တဲ့ ပမာဏနဲ့တူညီ) ကနေ ၂၅၀ကီလိုတန် ရှိတဲ့ နျူးကလီးယားထိပ်ဖူး (စက်တင်ဘာလ ၃ရက်နေ့ကစမ်းသပ်ဖောက်ခွဲခဲ့တဲ့ ပမာဏပြင်းအား) အထိသယ်ဆောင်နိုင်ပါတယ်။ "တိုကျိုနဲ့ ဆိုးလ်ကို မြောက်ကိုရီးယား မှ နျူးကလီးယား လက်နက်ဖြင့်တိုက်ခိုက်ပါက လူပေါငး် ၃ သန်းကျော်လောက်သေကြေဖွယ်ရှိပါတယ်" လိို့အဆိုပါအစီရင်ခံစာမှာ Zagurek ကရေးသားထားပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာများမှ ရေးသားတဲ့ ဆောင်းပါးတွေမှာတော့ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား လက်နက်ပိုင်ဆိုင်လိုမှုဟာ အမေရိကန်ရဲ့ ရန်လိုမှုကြောင့်ဖြစ်ပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နေရာတစ်ခုရခြင်လို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။ တောင်ကိုရီးယားမှာ ရှိတဲ့ အမေရိကန်တပ်မှုးကြီးတစ်ဦးက မြောက်ကိုရီးယား နိုင်ငံတကာ လွှမ်းမိုးမှု ရရှိအောင် နျူးကလီးယားလက်နက်စွမ်းရည် ပိုင်ဆိုင်ထားလိုခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Source: Newsweek

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။