ပရိသတ်အချစ်တော် အဆိုတော် တစ်ဦးဖြစ်သလို နာမည်ကြီး အဆိုတော် တစ်ဦးလည်းဖြစ်တဲ့ ပိုပိုကတော့ ဝမ်းနည်းလို့နေပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပေမယ့် မိသားစုရေးမှာ ကံမကောင်းတဲ့ ပိုပိုကတော့ သူများဆွေပျော်ရွှင်နေနိုင်တဲ့ လပြည့်ညမှာ ဖခင်ကိုလွမ်းလို့ မျက်ရည်ကျနေရတယ်လို့ ဆိုပါတယ် ပရိသတ်ကြီးရေ။

ဆုံးတာ ၁၃ နှစ်ပြည့်ခဲ့ပြီ

အဖေ သာရှိမယ်ဆို အသက် ၅ဝပြည့်ပြီ

အဖေ ကောင်းရာ သုဂတိမှာ ပျော်နေလောက်ပါပြီ

ငယ်ငယ်က အဖေ အကြောင်း စာစီစာကုံးရေးတော့ (သမီးရဲ့ ဖေဖေသည် လူပျိူကြီးဖြစ်ပါသည်လို့ရေးပြီး ပြတော့ ရယ်တယ် ပီးတော့ ဆရာမကို ပြလိုက်တဲ့ အဖေ့ကို အောင်သွယ်ပေးလေ တဲ့

ငယ်ငယ်က ပေတံ ခဏခဏ ပျောက်တတ်လို့ အုန်းလက်တွေ ကို ပေတံလုပ်ပေးခဲ့သူပေါ့

အမေ မရှိလို့ အား မငယ်အောင် ကျောင်းမှာ ရန်ဖြစ်ရင် ဦးအောင် ချခဲ့ အဖေ ရှင်းမယ်တဲ့ လေ

၃တန်းနှစ်မှာ မိုးရွာကြီးထဲ ထမင်းဘူး လာပို့တာ ပထမဆုံးနဲ့နောက်ဆုံး

ကပ်စီးနည်း အဖေ က ၄တန်းနှစ်မှာ တတိယ ဆုရတာကို သားအဖ နှစ်ယောက် ဓါတ်ပုံတောင် တွဲမရိုက်ခဲ့ဘူး

အတန်းထဲ စုံညီပွဲတော် ကြေး တောင်းရင် မသွားနဲ့တဲ့လေ အဖေတို့တုန်းက မရှိဘူးတဲ့လေ

စာကျက်မှ မုန့်ဖိုးပေးမယ်ဆိုလို့ စာကျက်ချင်ယောင် ဆောင် အိပ်နေရင် ပုဆိုးလေး လာ ခြုံပေးပီး လက်ထဲ ၁၀၀ တန် ထည့်ပေးခဲ့တာရော

သီတင်းကျွတ်ဆို အမေ မရှိလို့ ဝမ်းနည်းခဲ့တိုင်း အမေ့အကြောင်းမေးတိုင်း အမေ့အကြောင်း မပြောဖို့ ပြောခဲ့တိုင်း ငိုခဲ့တာတွေ ရော

အများကြီးပါပဲ 

ဘာပဲဖြစ်ဖြစ် အဖေ့ကို ချစ်တယ် အဖေ ကျေးဇူးပါ အရာအားလုံးအတွက် ❤️??

သူများတွေလို ကန်တော့ခွင့်မရှိတော့ပေမဲ့

အဘွား အဖေ အမေ တို့ကို ဒီနေရာ ကပဲ ဦးညွှတ်ရှိခိုး ကန်တော့လိုက်ပါတယ်

တကယ်တော့ အဘွားဆုံးပြီးနောက်

သီတင်းကျွတ်မှာ အမြဲ ဝမ်းနည်းခဲ့ရသူပါ ?" ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။

သူမရဲ့ ပရိသတ်တွေကတော့ သူမအတွက် စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြပါတယ်။ အချို့ပရိသတ်တွေကလည်း အားမငယ်ဖို့ အားတင်းထားဖို့ ပြောထားကြတာ တွေ့ရပါတယ်။ 

Source: Po Po Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။