ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရဲ့ အထွတ်အမြတ်ထားရာနေ့ကလေးဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့လေးကတော့ ပြီးဆုံးသွားခဲ့ပါပြီ ။

ဘုရားကျောင်းကန်တွေမှာ ကုသိုလ်ကောင်းမှု ပြုကြတဲ့သူတွေနဲ့ ပြည့်လျံခဲ့ကြသလို ခရီးထွက်နေကြတဲ့သူတွေလည်း တစ်ပုံတစ်ပင်ပါပဲ ။

အနုပညာရှင်တွေကလည်း သူတို့ရဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို အစီအစဉ်လေးတွေ မျိုးစုံနဲ့ ကုန်လွန်ခဲ့ကြပါတယ် ။

ဘယ်သူတွေက ဘာတွေလုပ်ခဲ့ကြလဲ ဆိုတာ အောက်မှာကြည့်လိုက်ကြရအောင်နော် ...

ဟန်လေး

" ကိုယ့်လုပ်နေတဲ့ အနုပညာကြေးထဲက လပြည့်နေ ့ညနေ မွေးနေ့ အကြို စာတုဒီသာ ထမင်း/ပဲကုလားသီးစုံဟင်း/ ကြက်သားဆီပြန် / ငါခြောက်ငရုပ်သီးကြော် / Ve Ve အချိုည် တို့နင့် ကလေးတွေ ဂိမ်းဆော့ပေးပြီး မုန့်ဝေ ကြတယ် ပျော်စရာကြီးပဲ ဒီနေ့ အတွက်တော့ "

ဟန်လေးကတော့ လပြည့်နေ့မှာ မွေးနေ့အကြို အလှုလုပ်ပြီး ကုသိုလ်ယူခဲ့ပါတယ်တဲ့ ။

စမိုင်းလ်

" လပြည့်နေ့ ကိုးပါးသီလယူ သက်သက်လွတ်စား ဥပုဒ်စောင့် .. ခင်ပွန်းကြီး ၁၀ပါးနဲ့အတူမိမိထက်ကြီးမားသူများအား ကာယကံ ဝစီကံ မနောကံနဲ့ပြစ်မှားမိခဲ့သည်ရှိသော် ဝန်ချတောင်းပန်ကန်တော့ပါသည် "

စမိုင်းလ်ကတော့ လပြည့်နေ့လေးမှာ ဥပုတ်သီလစောင့်တည်ပြီး လူကြီးတွေကိုလည်း ကန်တော့ခဲ့တယ်လို့ဆိုပါတယ် ။ 

နန်းဆုဦး

" ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုကိုခံယူနေကြသော လူနာ အယောက် ၈၀၀ အား အဟာရဖြည့်စွက် အစားစာများကို လှူတန်းခဲ့ပါတယ်ရှင် "

သရုပ်ဆောင် နန်းဆုဦးကလည်း လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှုဒါန်းရင်း သီတင်းကျွတ် ကုသိုလ်ပြုခဲ့တယ်လို့ သိရပါတယ် ။ 

မအေးသောင်း

" သီတင်းကျွတ်လပြည့်နေ့အလှူ ရွှေတိဂုံဘုရားမှာ

လ႓က်ရည်ခွက် ၄၀၀၀ လှူခဲ့တယ်ရှင့်။ "

မအေးသောင်းကလည်း ကိုယ်တိုင်ကိုယ်ကျ ရွှေတိဂုံဘုရားပေါ်မှာ လက်ဖက်ရည်များဝေငှနေခဲ့တာပါ ။ 

မေမြင့်မိုရ်

" Family Trip to Vietnam ?? ✈️ ?‍?‍?‍??

Sky Bird Travels & Tours - Outbound "

မင်းသမီးလေး မေမြင့်မိုရ် တို့မိသားစုကတော့ ဗီယက်နမ်ကို အပန်းခြေခရီးထွက်ခွာသွားကြပါတယ် ။

ဖော်ကာ (Wanted)

အဆိုတော်ဖော်ကာအတွက်ကတော့ သီတင်းကျွတ်လပြည့်နေ့လေးက မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့ကလေးပါပဲ ။

ချစ်သူနဲ့ မင်္ဂလာ မော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ပါတယ် ။

ညီထွဠ်ခေါင်

ညီထွဠ်ခေါင်ကတော့ အောင်ဇမ္မူတောရကျောင်းတိုက်မှာ အဓိဠာန်ဝင်နေရင်း ဝေယျာဝစ္စကုသိုလ်ယူနေတယ်လို့ သိရပါတယ် ။ 

သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ကတော့ သီတင်းကျွတ်လပြည့်ညကို ဘားအံမှာ အလုပ်လုပ်ရင်း ဖြတ်သန်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ် ။

စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းကတော့ လပြည့်နေ့မှာအေးအေးလူလူပါပဲ ။ အိမ်မှာ Game ဆော့ရင်းနားပြီး ညပိုင်းမှာတော့ Iron Cross Show ဆီရောက်ခဲ့ပါတယ် ။ 

၀တ်မှုန်ရွှေရည်

" ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ညောင်ရွှေမှာ ဇာတ်ကားရိုက်ရင်း တိုက်တိုက်ဆိုင်ဆိုင် လှူဖြစ်ခဲ့တဲ့ အလှူလေး...

နောက်တိုက်ဆိုင်တာတစ်ခုက အရင်နှစ်က ဒီနေ့လေးမှာလည်း အင်းလေးကို ရောက်နေတယ်.....

အားလုံးကို မေတ္တာပို့ပါတယ် ? "

ကစ်ကစ်ကတော့ ဇာတ်ကားရိုက်နေရင်းနဲ့ အလှုလေးလုပ်ခဲ့ပြီး အားလုံးကို မေတ္တာပို့ခဲ့တယ်လို့ ဆိုပါတယ် ။

G Fatt

" မင်းတို့ကတော့ လပြည့်နေ့မှာ ရည်းစားလေးဘာလေးနဲ့ ဘုရားသွားပေါ့ကွာ ကိုယ်တော့ ခရီးသွားပြီ ? "

အဆိုတော် G Fatt ကတော့ ခရီးထွက်နေတယ်လို့ ဆိုပါတယ် ။ ဘယ်သူနဲ့လဲဆိုတာတော့ ...  

စည်ဖြိုး

"သတ်ကွင်း"ကပေးခဲ့တဲ့အမှတ်တရလက်ဆောင် (သို့မဟုတ်) Hernia ..ခုတော့ခွဲရပြီ.. 9ရက်နေ့ဆရာဝန်ပြန်ပြရမယ်ဆိုတော့....

လပြည့်ညလေးမှာကိုယ်ကဒီမှာပဲပေါ့..? "

သရုပ်ဆောင် စည်ဖြိုးပြောတဲ့ ဒီမှာဆိုတာ ဆေးရုံမှာပါ ။ နေမကောင်းလို့ ဆေးရုံတတ်နေရတဲ့ စည်ဖြိုးက သီတင်းကျွတ်လပြည့်ညကိုဆေးရုံမှာပဲ ကုန်ဆုံးခဲ့ရပါတယ် ။ 

၀ုိင်းစုခိုင်သိန်း

" သီတင်းကျွတ် လပြည့်နေ့မှာ

ဝိုင်းစုတို ့မိသားစုနဲ့အတူ

၇ရက်သားသမီးများအား ရည်စူးပြီး

ဘုရားသာသနာပွဲ| ဓါတ်ကြီးလေးပါးဆွမ်း

ကပ်လှူပူဇော်ပါတယ် ။ လူကြီး မိဘ ဆရာသမားများအားကာယကံ ဝစီကံ မနောကံများနဲ့ ပြစ်မှား စော်ကားမိခဲ့တာ တွေ ရှိခဲ့ရင် ရှိခိုးဦးချ ကန်တော့လိုက်ပါတယ်။

ဒီနေ့ပြုလုပ်သော အလှူအတွက်

ချစ်ရသော ရရက်သားသမီးများ

အားလုံးကို အမျှဝေပါတယ်ရှင်??? "

၀ုိင်းစုကတော့ အိမ်မှာပဲ ကုသိုလ်ပြုပြီး အားလုံးကို အမျှဝေခဲ့ပါတယ် ။ 

ကျော်ဇင်ထွဠ် ( ရန်ကုန်ဖေချစ် )

" 5-10-2017 ?? သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့လေး မှာ ၁၀၀%မြတ်ဗုဒ္ဓ ဘုရား ကို သစ်သီး၉မျိုးကပ်ပြီး ဆီမီးပူဇော်နေတဲ့ ရန်ကုန်ဖေချစ်ကျော်ဇင်ထွဋ် ?? "

သရုပ်ဆောင် ကျော်ဇင်ထွဠ်ကတော့ သီတင်းကျွတ်လပြည့်နေ့မနက်အစောပိုင်းမှာထဲက သစ်သီး၉မျိုးကပ်ပြီး ဆီမီးပူဇော်ကန်တော့ခဲ့ပါတယ် ။

ပရိတ်သတ်တို့အချစ်တော် သရုပ်ဆောင်တွေ ဘာလုပ်ကြလဲ သိရပြီဆိုတော့ ပရိတ်သတ်တို့ရော သီတင်းကျွတ်လပြည့်နေ့လေးကို ဘယ်လိုုကုန်လွန်ခဲ့ကြလဲ ... ပြောပြခဲ့ကြပါလား ...

သတင်းအရင်းမြစ် Cele's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။