လူတစ်ယောက်ကို မချစ်မိခင် သင့်ကိုသင် မေးသင့်သည့် မေးခွန်းများ

လူတစ်ယောက်နဲ့တစ်ယောက် ချစ်တာ လွယ်ကူတဲ့အလုပ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်ချစ်ဖူးတဲ့သူတွေ သိကြမှာပါ။ ချစ်ရတာလွယ်ပေမယ့် အချစ် တစ်ခု ရေရှည်ကြာတည်တံ့ဖို့ဆိုတာကတော့ ခက်ခဲပါတယ်။ အစမှာ ချစ်ကြပေမယ့် ကြာလာတဲ့အခါ သူနဲ့ကိုယ်နဲ့က ပုံစံမတူ သူက အဖြူ ကိုယ်က အနက် ဒီလိုနဲ့ အဆင်မပြေဖြစ်ပြီး ကွဲကြလေ့ရှိပါတယ်။ ဒါကြောင့်မို့ အချစ်တစ်ခုကို မတည်ဆောက်ခင် လူတစ်ယောက်ကို မချစ်မိခင် ကိုယ့်ကိုကို မေးခွန်းလေးတွေ မေးကြည့်သင့်ပါတယ်။

၁။ သူ ဘယ်လိုလူလဲ?

ဒါကတော့ လူတစ်ယောက်ကို ချစ်သူရည်းစားအဆင့်မရောက်ခင် လူတိုင်းသေချာပေါက် တွေးပြီးမေးရမယ့် မေးခွန်းဖြစ်ပါတယ်။ သူရဲ့ ရုပ်ရည်ထက်စာရင်

အကျင့်စရိုက်တွေနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်က သင့်အတွက် ပိုအရေးကြီးပါတယ်။ အသေးစိတ်အကျင့်လေးတွေကစပြီး၊ ကြီးကြီးမားမားအချက်တွေထိ သင်သေသေချာချာ

စဉ်းစားသင့်ပါတယ်။ အခုအချိန်မှာ ချစ်လို့ သည်းခံနိုင်တာတွေ၊ မမြင်မိတာတွေ ရှိပေမယ့် ရေရှည်အတွက်ဆိုရင်တော့ သူဘယ်လိုလူလဲဆိုတာကို

သင့်အနေနဲ့ အမှန်အတိုင်း မြင်သင့်ပါတယ်။

.

၂။ သူ့အချိန်တွေကို ဘယ်လိုအသုံးချသလဲ?

ဒါကလည်း အရေးမကြီးဘူးထင်ရပေမယ့် သင်စဉ်းစားရမယ့် အကြောင်းအချက်ထဲမှာ ပါဝင်ပါတယ်။ သူဟာ သူ့အလုပ်တွေနဲ့ အချိန်ကုန်ဆုံးတတ်တဲ့သူလား၊ သူ့ဘေးက

လူနဲ့ အရမ်းကို အချိန်ကုန်ဆုံးချင်တဲ့သူလား ဆိုတာ သင်သိရပါမယ်။ သင်ဟာ နွေးနွေးထွေးထွေး နေရတာ ကြိုက်တဲ့သူဆိုရင် သူ့အလုပ်နဲ့သူအချိန်ကုန်တတ်တဲ့သူနဲ့ဆို

အဆင်မပြေပါဘူး။ သင်ဟာ အေးအေးလူလူနေတတ်တဲ့သူဆိုရင် အချိန်တိုင်း အတူတူသာနေချင်နေတဲ့သူနဲ့လည်း မကိုက်ပါဘူး။ ဒီတော့

အတူမရှိခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနည်းနဲ့ အဆင်ပြေနိုင်မလဲဆိုတာ ကြိုတွေးသင့်ပါတယ်။

.

၃။ ရယူတတ်တဲ့သူလား၊ ပေးဆပ်တတ်တဲ့သူလား?

ရယူချင်လို့ ပေးဆပ်နေတာလား? တကယ်ပဲ ကိုယ့်ကို ချစ်လို့ ပေးဆပ်နေတာလား? ကိုယ်သိဖို့လိုပါတယ်။

ကိုယ့်ဘက်က စချစ်ရတဲ့သူဆိုရင်လည်း သူဟာတကယ်ပဲ ကိုယ်ပေးဆပ်ဖို့ ထိုက်တန်တဲ့သူလား? ကိုယ်တွေးရပါမယ်။

စစ်မှန်တဲ့အချစ်မှာ ရယူခြင်း၊ပေးဆပ်ခြင်းဆိုတာ မရှိပါဘူး။ ဝေမျှခြင်း၊နားလည်ခြင်း ဆိုတာပဲ ရှိပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အများအားဖြင့်တော့ အပေးအယူဆန်တဲ့အချစ်တွေသာ များများစားစားတွေ့့ရတတ်ပါတယ်။

.

၄။ ဆန့်ကျင်ဘက််တွေဟာ ဆွဲဆောင်မှုရှိတယ်။ ဒါပေမယ့် ပုံစံတူတွေဟာ ခိုင်မြဲတယ်။

ကိုယ်နဲ့ type မတူတဲ့သူဆိုရင် ကိုယ့်စိတ်ကို ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ခံစားရမှာပါပဲ။ ဒါပေမယ့် ပုံစံချင်း၊ အကျင့်စရိုက်ချင်း မတူတဲ့အတွက်

နားလည်မှုတွေ လိုအပ်လာသလို အမြဲတမ်းလည်း ညှိနှိုင်းနေရမှာပါ။ နားလည်မှု ရှိရင် အဆင်ပြေနိုင်ပေမယ့် နားလည်မှုမရှိရင်တော့

ရေရှည်မှာ လက်တွဲမြဲဖို့ ခက်ခဲပါမယ်။ ကိုယ်နဲ့ အသွင်တူတဲ့သူကတော့ ပြောစရာမလိုပါဘူး။ အိမ်သူဖြစ်လို့ အလားအလာကောင်းတွေ ရှိပါတယ်။

.

၅။ သူဟာ ကိုယ့်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ?

ချစ်သူတွေ ဖြစ်ကြပြီ ဆိုကတည်းက သူစိမ်းတွေလို နေလို့မရတော့ပါဘူး။ အချိန်တွေ၊ ခံစားချက်တွေနဲ့ ကိုယ်နဲ့ဆိုင်တဲ့ တော်တော်များများကို

သူနဲ့အတူဝေမျှရတော့မယ်။ ဒီတော့ သူဟာ ကိုယ့်ကို ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာ မေးသင့်ပါတယ်။ ရန်တွေချည်းပဲဖြစ်၊ စိတ်ညစ်အောင်

လုပ်နိုင်တဲ့သူဆိုရင် မကောင်းတဲ့ သက်ရောက်မှုတွေရှိမှာဖြစ်ပြီ၊ ကိုယ့်ဘဝကို တိုးတက်အောင် တစ်နည်းနည်းနဲ့ အထောက်အပံ့ဖြစ်စေတဲ့သူဆိုရင်

ကောင်းတဲ့ သက်ရောက်မှုတွေရှိပါမယ်။

.

၆။ အသိုင်းအဝိုင်းတွေ

နောက်ဆုံးမေးခွန်းကတော့ သမီးရည်းစားဘဝမှာ သိပ်ပြသနာမရှိပေမယ့် နောက်ပိုင်းမှာ တကယ်ကို အရေးပါလာမယ့် အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

အိမ်ထောင်ပြုဖို့အထိ ရည်ရွယ်ထားတယ်ဆိုရင်တော့ ဒီအချက်ကို မဖြစ်မနေ စဉ်းစားပြီး ကိုယ့်ကိုယ်ကို မေးသင့်ပါတယ်။ သူ့ရဲ့ မိဘအသိုင်းအဝိုင်း၊ မိတ်ဆွေ အသိုင်းအဝိုင်း၊

ကျင်လည်ရာ အသိုင်းအဝိုင်းတွေဟာ ကိုယ်နဲ့ သဟဇာတဖြစ်ရဲ့လား။ ဒီအချက်ကြောင့် ချစ်ပါရက်နဲ့ ညှိုနှိုင်းလို့မရတဲ့အတွက် နောက်ဆုတ်လိုက်ကြရတဲ့ စုံတွဲတွေရှိပါတယ်။

Source: Focus Youth

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။