Photo Model ဇာဇာထက်ဟာ Sexy Post တွေနဲ့ လူသိများထင်ရှားလာသူပါ ။

သူမဟာ မိသားစုကိစ္စနဲ့ ပါတ်သတ်ပြီး ဖွင့်ဟပြောလေ့သိပ်မရှိပေမယ့် သီတင်းကျွတ်လပြည့်နေ့ မောင်လေးဖြစ်သူတို့စုံတွဲ လာကန်တော့စဉ်မှာတော့

၀မ်းနည်းသွားဟန်ရှိပြီး ... သူမရဲ့ခံစားချက်ကို အောက်ပါအတိုင်း ဖွင့်ဟလိုက်ပါတယ် ။ 

" သီတင်းကျွတ်လပြည့်နေ့မှာမောင်လေးကအမေ?မရှိ?တဲ့နောက်ပိုင်းအမကြီးအမိအရာဆိုတော့အမေ့

အစားကျွန်မကိုလာကန်တော့တာအမေ့ကိုသတိရသွားပြီး

ငိုချင်တရ်,ကျွန်မငိုလိုက်ရင်မောင်လေးစိတ်မကောင်းမှာစိုးလို့

မချိပြုံးလေးပြံုးပြခဲ့ပါတရ်,ကျွန်မဘယ်လောက်ပဲစိတ်ဓာတ်မာ

ကျောတရ်ပြောပြောဒါမျိုးလာကန်တော့တော့လဲအသည်းမမာနိုင်ပါဘူး,ဆယ်စုနှစ်တခုစာမကအဖေနဲ့အမေကွဲ/အမေမသေခင်အမေလေဖြတ်ပြီးထဲကမိသားစု

တာဝန်ကိုပခုံးပြောင်းလွှဲယူပြီးမနိုင်ဝန်ထမ်းမိသားစုညီအကို

မောင်နှမကွယ်ရာမျက်ရည်ကျခဲ့ရတဲ့ရက်တွေအများကြီးပါ

ဒါပေမဲ့ကျွန်မပျိုးထောင်ပြုစုခဲ့တဲ့မောင်လေးကအရွယ်ရောက်

လာလို့သူ့အလုပ်အကိုင်နဲ့သူ့အိမ်ထောင်နဲ့သူအဆင်ပြေနေတဲ့အချိန်မှာကျွန်မ

ဥယျာဉ်မှူးတစ်ယောက်အနေနဲ့ဝမ်းသာမိပါတရ်,အမေမသေ

ခင်အမေ့ကိုလူတန်းစေ့ထားနိုင်ခဲ့တဲ့အတွက်လည်းကျွန်မ

ပင်ပန်းရကျိုးနပ်ခဲ့တရ်,ကျွန်မမိသားစုအတွက်ကျွန်မက

အားလုံးနားခိုလို့ရမဲ့သစ်ပင်ကြီးတစ်ပင်ပဲအမြဲဖြစ်ချင်ခဲ့တာပါ

ကျွန်မတိုင်းပြည်အတွက်သူရဲကောင်းမဟုတ်ခဲ့ပေမဲ့ကျွန်မ

မိသားစုအတွက်တော့ကျွန်မသူရဲကောင်းတစ်ယောက်ပါ? " တဲ့ ...

မိသားစုအတွက် ပင်ပင်ပန်းပန်း အလုပ်ကြိုးစား ရုန်းကန်ခဲ့တဲ့ ဇာဇာထက်အတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြပါဦး ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Zar Zar Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။