လတ်တလောအွန်လိုင်းမှာ ပျံနှံနေတဲ့ Miss Grand International 2017 ပွဲကြီးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် Miss Grand Myanmar ပြောင်းလဲတဲ့ ဂယက်ကြောင့်

Miss ဟောင်းဖြစ်တဲ့ ရွှေအိမ်စည်ရဲ့ ပရိတ်သတ်တွေက ယခုလက်ရှိ Miss အေးချမ်းမိုးကို ဝေဖန်မှုများရှိခဲ့ပြီး ဒီပွဲကြီးကိုလည်း လူတွေပိုမိုစိတ်ဝင်စားလာကြပါတယ် ။

လက်ရှိမှာတော့ ပြိုင်ပွဲဝင်ပြိုင်ဖို့ အေးချမ်းမိုးက ဗီယက်နမ်နိုင်ငံကိုရောက်ရှိလို့နေပါပြီ ။ 

Miss Grand International ရဲ့ တရားဝင် Page ကနေလည်း Voting တွေ စတင်ကောက်ခံနေပြီဖြစ်ပြီး ပရိတ်သတ်တွေကလည်း ကိုယ်နှစ်သက်ရာလူတွေကိုပေးနေကြပါတယ် ။ Miss တွေအားလုံးထဲမှာမှ Miss Grand Title ဆုရဖို့ လူကြိုက်များနေတဲ့သူကတော့ Vietnam Miss ငုယင်ထရန်ဟုမေ ပါ ။ သူမကို Voting ပေးသူများထဲမှာ ဗီယက်နမ်နိုင်ငံသားတွေတင်မကဘဲ မြန်မာနိုင်ငံသားတွေလည်း ပါ၀င်နေကြပါတယ် ။ 

သူမကလည်း မြန်မာနိုင်ငံနဲ့ သိပ်စိမ်းလှသူတော့မဟုတ်ပါဘူး ။ မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့ ရုပ်ရှင်တွေ ကြော်ငြာတွေ လက်တွဲရိုက်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ခဏခဏ လာရောက်သူမို့ မြန်မာပရိတ်သတ်တော်တော်များများလည်း ရှိနေတဲ့သူပါ ။

ဒါကြောင့်မို့ မြန်မာက ပရိတ်သတ်တွေအတွက် Miss Grand Vietnam ငုယင် ရဲ့ အလှဆုံးပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော် ...

သတင်းအရင်းမြစ် Miss Grand Vietnam

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။