မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ မြောက်အိုင်ယာလန်အသင်းကို ဂျာမနီအသင်းက ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့်ကိုအစောဆုံးတတ်ရောက်နှင့်ပြီးသား ဂျာမနီအသင်းဟာ အဆင့် ၂ နေရာကပြိုင်ဘက် မြောက်အိုင်ယာလန်အသင်းကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မြောက်အိုင်ယာလန်အသင်းဟာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၂ နေရာမှာရပ်တည်နေပြီးအဆင့် ၃ နေရာက ချက်အသင်းကို ၇ မှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။

မြောက်အိုင်ယာလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဘရန့်၊ ဂျွန်နီအီဗန့် ၊စတီဗင်ဒေးဗစ်၊ မာဂျင်နစ်၊ လာဖာတီတို့ကို ထည့်သွင်းအသုံးခဲ့တာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဝပ်ဂနာ၊ သောမက်မူလာ၊ ဒရက်ဇလာ၊ တိုနီကရူး၊ ရူဒီ၊ ဂေါရက်ကာ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျာမနီရဲ့ကစားကွက်အောက်ရောက်ရှိနေခဲ့တဲ့မြောက်အိုင်ယာလန်အသင်းကတော့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာကြောင့် အရံှူးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ့အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၂ မိနစ်မှာပဲ ရူဒီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းရဲ့ ဒုတိယမြောက်ဂိုးကိုတေည့ ဝဂ်ဂနာက ၂၁ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ ဂျာမနီအသင်း ၂ ဂိုးအသာနဲ့ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်း ၈၆ မိနစ်မှာတော့ ကင်းမြွစ်က ဂျာမနီအသင်းအတွက် သုံးဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အိမ်ရှင်အသင်းအတွက်နှစ်သိမ့်ဂိုးတစ်ဂိုးကိုတော့ နောက်ဆုံးမိနစ်မှာ မာဂျင်နစ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။