မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ စလိုဗေးနီးယားအသင်းကို ၁ ဂိုး ဂိုးမရှိရလဒ် နဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် နောက်တဆင့်ကိုတတ်ရောက်ပြီးသားဖြစ်တဲ့ အင်္ဂလန်ဟာ ၂၃ မှတ်ထိရရှိခဲ့ပြီး အုပ်စုအဆင့် ၁ ရရှိခဲ့တာလည်းဖြစ်ပါတယ်။စလိုဗေးနီးယားအသင်းကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၄ နေရာကိုရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ စတာလင်း၊ ဟန်ဒါဆန်၊ ချန်ဘာလိန်၊ ရက်ဖို့စ်၊ ဒိုင်ယာတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စလိုဗေးနီယားအသင်းအတွက် ပွဲထွက်လူစာရင်းမှာတော့ ဆာပိုရာ၊ အီလီဆစ်၊ ဗာဘစ်၊ ရော့မန်း၊ ကာဟင်၊ ဘတ်ဂျတ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စလိုဗေနီးယားအသင်းဟာ နောက်တဆင့်တတ်ရောက်ဖို့ကြိုးစားခဲ့ပေမဲ့လည်း ဟာရီကိန်းရဲ့ နောက်ကျဂိုးကြောင့် အိမ်မက်တွေပျက်ပြယ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးဟာ လူအပြောင်းအလဲတွေပြုလုပ်ခဲ့ပါတယ်။အနိုင်ဂိုးရခဲ့တာကတော့ အင်္ဂလန် အသင်းဖြစ်ပြီး ဒီဂိုးကိုတော့ (၉၀+၄)မိနစ်မှာ ဟာရီကိန်းကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားဆု Man of The match ကိုတော့ ဟန်ဒါဆန်က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။