မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ဘိုလီဗီရာ အသင်းနဲ့ ဘရာဇီလ်းအသင်းတို့ဟာ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဘရာဇီလ်းအသင်းဟာ ၁၇ ပွဲကစားပြီချိန်မှာ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁ နေရာမှာ ဦဆောင်နေတာလည်းဖြစ်ပါတယ်။ဘိုလီဗီရာအသင်းကတော့ ၁၇ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၉ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဘိုလီဗီရာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မိုရီနို၊ကားလို့စ်အာစီ၊ ဖာရဲရိုး၊ မိုရာလက်၊ ဂျက်စတန်နီရာနို၊ မာချာဒို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘရာဇီလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂါဘရီရယ်ဂျီဆပ် ၊နေမာ၊ ကော်တင်ဟို၊ အော်ဂတ်စထရို၊ ကတ်စမဲရိုး၊ ပေါ်လင်ဟို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂိုးပေါက်ချိန်းခြောက်မှုများစွာနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာ ရရှိခဲ့ပေမဲ့လည်းဘရာဇီလ်းအသင်း အဝေးကွင်းမှာ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ဝီလီယံ၊ ဖာနန်ဒင်ဟို၊ မာကွင်ဟိုတို့ကို ထည့်သွင်းအသုံးပြုခဲ့ပေမဲ့လည်း အနိုင်ရလဒ်တော့ ရယူနိုင်ခဲ့ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲမှာ ဘိုလီဗီရာဂိုးသမား ကားလိုစ်လမ်ပီ ကို ချီကျူးရမှာဖြစ်ပြီး အကောင်းဆုံးကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆု Man of the Match ကိုတော့ နေမာကရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။