မိုးဟေကို ရွေးချယ်ချင်တဲ့ အိမ်ထောင်ဖက်ဆိုတာ……

သူမရဲ့ သဏ္ဍာန်လုပ် သရုပ်တူအောင် စွမ်းဆောင်နိုင်မှုတွေ ညှို့ချက်ပြင်းတဲ့အလှတရားတွေကြောင့် ပရိသတ်တွေကြား နာမည်ကျော်ကြားနေတဲ့ မင်းသမီးလေးကတော့ မိုးဟေကို ပဲဖြစ်ပါတယ်။ မြန်မာ ဒရမ်မာဇာတ်ကားတွေနဲ့အတူ ဟာသကားတွေရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ငိုအောင် ရယ်အောင် ဖမ်းစားနိုင်ခဲ့သူလေးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီပွဲမှာလည်း 'တိုက်ဆိုင်မှုရှလျှင်' ဆိုတဲ့ ဇာတ်ကားကြီးနဲ့အတူ ပရိသတ်ရင်ထဲက အကယ်ဒမီကို ထိုက်ထိုက်တန်တန်ကြီးရရှိထားသူလည်း ဖြစ်ပါတယ်။ ဟိုတလောကတော့ မိုးဟေကိုရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကြားသတင်းတွေကြီးသွားခဲ့ပါသေးတယ်။ အင်တာဗျူ းတစ်ခုမှာ 'မိုးရဲ့အချစ်တွေ အားလုံးပါသွားပြီ' ဆိုပြီးပြောခဲ့ရာကနေ သူ့ပရိသတ်တွေကြား လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါသေးတယ်။

မိုးဟေကို ကတော့ အခုအချိန်မှာ မိန်းမသားတစ်ယောက်အနေနဲ့ အားကိုးမရှာချင်သေးပါဘူးတဲ့။ သူများတကာကို မမှီခိုပဲ ကိုယ့်ဘဝကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်အောင်ပဲ ကြိုးစားချင်တယ်လို့ ပြောသွားပါတယ်။ သူမအနေနဲ့ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်လုပ်ရင်း ပိုးထည်တိုက် တစ်ခုဖွင့်လှစ်ထားသလို မိုး ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သူမရဲ့အချစ်တွေအားလုံးကို ပရိသတ်တွေနဲ့ မိသားစုဆီမှာပဲ ပုံထားတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူမအနေနဲ့ အိမ်ထောင်ဖက်ရွေးချယ်မယ်ဆိုရင်တော့…………

သရုပ်ဆောင် မိုးဟေကိုအနေနဲ့ သူမရွေးချယ်ချင်တဲ့ အိမ်ထောင်ဖက်နဲ့ပတ်သတ်ပြီး "မိုး လက်ထပ်ရွေးချယ်မယ့် အမျိုးသားကတော့ နံပါတ်တစ်အချက် ယောက်ျားပီသရမယ် ကြင်နာတတ်ရမယ် ယောက်ျားပီသတဲ့စိတ်ထားနဲ့ သဘောထားကြီးသူ ဖြစ်ရမယ်။ အရာရာကို ဦးဆောင်နိုင်စွမ်း ရှိရမယ်"ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူအနေနဲ့ အိမ်ထောင်ရေးကိုတော့ မစဉ်းစားချင်သေးဘူးဆိုပြီး ပြောသွားပါတယ်။

Source: Local Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။