သီတင်းကျွတ်လပြည့်ညမှာထိုင်းကိုရှုံးခဲ့တဲ့မြန်မာ


မနေ့ကမန္တလေးပွဲမှာမြန်မာအသင်းထိုင်းကိုရှံုးပါတယ်။

သုံးဂိုးတစ်ဂိုးနဲ့ပါ။မြန်မာအသင်းနဲ့ခြေစမ်းပွဲမှာလူစုံတက်စုံနဲ့

လာရောက်ယှဉ်ပြိုင်ပေးသွားတဲ့ထိုင်းအသင်း

ကိုတော့ကျေးဇူးတင်ရမှာပါ။ထိုင်းအသင်းဟာ

အကောင်းဆုံးလူစာရင်းနဲ့မြန်မာကိုလေးလေးစားစား

ယှဉ်ပြိုင်သွားခဲ့ပါတယ်။ကာဝင်၊ပီရာပတ်၊အက်ဒီဆင်၊တီရာသွန်၊သစ်ဖန်း၊တီရာဆေးဒန်ဒါ၊သွန်ဆန်ကရိုင်း၊ဆလာဝက်တို့ဟာ

ထိုင်းအသင်းရဲ့အကောင်းဆုံးတွေပါ။

အရံလို့ပြောလို့ရတာကမြောင်တောင်ကစားသမားထရစ်စတန်ဒိုရဲ့နေရာမှာဘူရီယမ်နောက်ခံလူနာရူဘိုင်ဒင်တစ်ယောက်သာဝင်ကစားခဲ့တာပါပဲ။ကျန်တဲ့လူတွေအားလုံးကထိုင်းရဲ့

ဒေါင်ဒေါင်မြည်ကစားသမားတွေပါပဲ။မြန်မာအသင်းကတော့

လူထုတ်ပုံအလွှဲတွေနဲ့စတင်လာခဲ့ပြီးဒေးဗစ်ဒန်းနေရာမှာ

ကျော်ဇင်လွင်ကိုထည့်ခဲ့တာကတော့တော်တော်ကြီးကိုပြော

စရာဖြစ်ခဲ့တာပါ။အသင်းခေါင်းဆောင်ရန်အောင်ကျော်၊

ဇော်မင်းထွန်းတို့ဟာလည်းအမှားအယွင်းတွေကျူးလွန်ခဲ့ပါတယ်။


ထိုင်းအသင်းရဲ့ညက်ညောတဲ့ကစားဟန်အောက်မြန်မာအသင်းတစ်ချိန်လုံးလိုလိုကျရောက်နေခဲ့ပြီးမြန်မာရှေ့တန်းကကျော်ကိုကိုနဲ့အောင်သူအတွဲမမိတာကြောင့်ထိုင်းဂိုးပေါက်ကိုမခြိမ်း

ခြောက်နိုင်ပါဘူး။ထိုင်းအသင်းအတွက်ဂိုးတွေကိုတော့သွန်ဆန်ကရိုင်း၊ဒန်ဒါနဲ့သစ်ဖန်းတို့သွင်းယူခဲ့ပြီးမြန်မာအတွက်တစ်လုံးတည်းသောချေပဂိုးကိုတော့အောင်သူကပြန်သွင်းယူပေးခဲ့ပါတယ်။

ကွင်းအတွင်းလာအားပေးတဲ့ပရိသတ်တွေအတွက်

စိတ်ကျေနပ်စရာမဖြစ်ခဲ့တဲ့လပြည့်ညတစ်ညဖြစ်ခဲ့ရပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။