၀ါကျွတ်ပြီဆိုရင်တော့ ဘယ်တော့ စားရမှာလဲ လို့ သူများတွေကို မေးကြတဲ့အခါ ပရိသတ်ကြီးရော အဲ့လိုအမေးခံလိုက်ရပြီလား။

နေ့ကောင်းနေ့မြတ်လေးတွေရွေးပြီး မင်္ဂလာပွဲလေးတွေကျင်းပကြပြီး မိတ်ဆွေအပေါင်းသင်းတွွေထဲမှာလည်း စွံတဲ့သူတွေလည်း စွံကုန်ကြပြီ..ကိုယ်ကတော့ စွံတယ် မျက်စိပေါ့နော် ပရိသတ်ကြီးရေ။

အနုပညာလောကမှာလည်း ယခုသီတင်းကျွတ်ကာလအတွင်း မင်္ဂလာပွဲဆင်နွှဲကြတဲ့ အနုပညာရှင်တွေရှိကြပါတယ်။

ပရိသတ်တွေသိတဲ့အတိုင်း အောက်တိုဘာလထဲ စွံသွားကြတဲ့အနုပညာရှင်နှစ်ဦးကတော့ အဆိုတော်ဖော်ကာ နဲ့ စူပါမော်ဒယ် သန္တာလှိုင် တို့ဖြစ်ပါတယ်။

ပရိသတ်အားပေးမှုတွေရရှိထားတဲ့ အဆိုတော်ဖော်ကာကတော့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူ အောက်တိုဘာလ(၅)ရက်က ဆီဒိုနားဟော်တယ်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့သလို အောက်တိုဘာလ(၈)ရက်နေ့မှာတော့ မင်္ဂလာပွဲကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။

အမျိုးသမီးပရိသတ်တွေအားကျရတဲ့ နုပျိုလန်းဆန်းမှုတွေနဲ့အတူ Single Mom တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ စူပါမော်ဒယ် သန္တာလှိုင် ကလည်း ဒီနေ့အောက်တိုဘာလ(၆)ရက်မှာ လက်တွဲဖော်အသစ်နဲ့အတူ ရုံးတက်လက်မှတ်ထိုးခဲ့တာပါ။ သားသမီးနှစ်ယောက်ကလည်း မိခင်ဖြစ်သူရဲ့ မင်္ဂလာသတင်းလေးအတွက် ပီတိဖြစ်နေကြပုံပါပဲ။

အထက်ပါ အနုပညာရှင်နှစ်ဦးကတော့ သူတို့ရဲ့ချစ်ရသူကို်ယ်စီနဲ့အတူ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ကြမှာဖြစ်ပါတယ်။

ဆယ်လီနှစ်ဦးအတွက် ပရိသတ်တွေ ဆုတောင်းပေးကြပါဦးနော်။  

Source: Cele fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။