ယခုနှစ်သီတင်းကျွတ်လမှာ ပိတ်ရက်က (၅)ရက်တောင်ဆိုတော့ နယ်ပြန်သူတွေကပြန် ၊မိသားစုတွေနဲ့ အချိန်ပေးပြီး ခရီးထွက်သူက ထွက် ၊ အိမ်တွင်းအောင်းပြီး မုန့်တွေလုပ်စားကြသူတွေကလည်း ရှိကြပါတယ်။

အနုပညာရှင်တွေထဲမှာလည်း အလုပ်တွေခဏတာနားပြီး မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်ရင်း အချိန်ပေးကြသူတွေရှိပါတယ်။

လက်တလောသီတင်းကျွတ်အားလပ်ရက်လေးမှာ ခရီးထွက်နေကြတဲ့ ဆယ်လီတွေကတော့ ပရိသတ်အချစ်တော် မင်းသမီးချော မေမြင့်မိုရ် ၊ အဆိုတော်အာဇာနည် နဲ့ မင်းသား နေမျိုးအောင် တို့ပဲဖြစ်ပါတယ်။

သူတို့တွေဟာ သူတို့ရဲ့ မိသားစုကိ်ုယ်စီ နဲ့ ပျော်ပျော်ရွှင်ရွှင် အားလပ်ရက်လေးကို ခရီးသွားရင်း ကုန်ဆုံးနေကြတယ်လို့သိရပါတယ်။

မေမြင့်မိုရ်ကတော့ သူမရဲ့ ဖေဖေ၊မေမေ မောင်လေးနဲ့အတူ လက်တလောမှာ ဗီယက်နမ်နိုင်ငံကို အလည်ပတ်ရောက်ရှိနေပါတယ်။

သဘာဝမင်းသားကြိီး နေမျိုးအောင် ကတော့ သူ့ရဲ့ဇနီး ၊သားနှစ်ယောက်နဲ့အတူ မိသားစုလိုက် တောင်ကြီး - အင်းလေးမှာ လျှောက်လည်ရင်း ပျော်ရွှင်နေတဲ့ပုံလေးတွေမျှဝေထားပါတယ်။

အဆိုတော်အာဇာနည်ကလည်း သူ့ရဲ့ဇနီးဖြစ်သူ ၀မ်း နဲ့အတူ သားလေးနဲ့ မိသားစု(၃)ယောက် အေးအေးလူလူ အင်းလေးမှာရောက်ရှိနေပြီး ပျော်ရွှင်နေပါတယ်။

အဆိုတော် ဟဲလေးကတော့ မိသားစုဆွေမျိူးတွေနဲ့ အတူ ကိုရီးယားနိုင်ငံကို အလည်ပတ်ရောက်ရှိနေပြိဖြစ်ပါတယ်။

ပရိသတ်ကြီးရော သီတင်းကျွတ်ပိတ်ရက်မှာ ဘယ်ကိုခရီးထွက်နေလဲ။  

Source :Cele fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။