ပွဲတစ်ပွဲမှာ မင်းသား လီမင်ဟို ကို ပွဲတစ်ပွဲ တက်ဖို့အတွက် ကိုရီးယားဝမ် ၉၀၀ မီလီယံ ပေးရပါတယ်တဲ့။ ကိုရီးယားဝမ် ၉၀၀ မီလီယံ ဆိုတာ အမေရိကန်ဒေါ်လာ ရ၈၄,၉၅၁ နဲ့ညီမျှပါတယ်။ ဟောင်ကောင်မှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ လီမင်ဟို ကို ခေတ္တမျက်နှာပြဖို့ ဖိတ်ကြားခြင်းခံရပါတယ်။

အဲ့ဒီ့အချိန်မှာ မင်းသား လီမင်ဟိုအနေနဲ့ မသွားနိုင်ပါဘူး၊ ဒါပေမယ့် ဟောင်ကောင်မှ ပွဲကျင်းပသူတွေကသူ့ကို ခေါ်ဖို့အားထုတ်တဲ့ အနေနဲ့ စင်းလုံးငှားလေယာဉ်တစ်စင်း စီစဉ်ပြီး ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာ သူက သဘောတူညီခဲ့ပါတယ်။

မင်းသား လီမင်ဟိုဟာ ပရိသတ်လူကြိုက် အများဆုံး မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုရီးယား ရဲ့ နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်ပြီး ကိုရီးယား ရဲ့ ထိပ်တန်းမင်းသားစာရင်းမှာ အမြဲလိုလို ရပ်တည်နေပါတယ်။

Source: Korean Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။